Media News

0 0
Read Time:5 Minute, 28 Second

ကျိုက်ထိုမြို့နယ်တွင် သတင်းထောက် ကိုဝင်းထွဋ်ဦးနှင့် ကိုထက်မြတ်သူတို့ကို စစ်တပ်က ပစ်ခတ် သတ်မှုအပေါ် ကန့်ကွက်ရှုံ့ချကြောင်း လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး – IMJA ထုတ်ပြန်

 

D Day News

ဩဂုတ်လ ၂၄

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာတွင် သတင်းထောက် ကိုဝင်းထွဋ်ဦးနှင့် ကိုထက် မြတ်သူ တို့ကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်မှုအပေါ် ကန့်ကွက်ရှုံ့ချကြောင်း လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး – IMJA ထုတ်ပြန်သည်။

 

ဩဂုတ်လ ၂၁ ရက် နံနက် ၉ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာရှိ ကိုထက်မြတ်သူ၏ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး အလွတ်တန်းသတင်း ထောက် များဖြစ်သည့် ကိုဝင်းထွဋ်ဦးနှင့် ကိုထက်မြတ်သူတို့ကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ကာ လက်နက်ကိုင်များအဖြစ် စစ်ကောင်စီလော်ဘီချန်နယ်များက ပုံဖော်မှုခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်အမှန်မှာ အလွတ်တန်း သတင်းထောက်ကိုဝင်းထွဋ်ဦးကို စစ်ကောင်စီက ပုဒ်မ၅၀၅(က)ဖြင့် အမှုဖွင့်ထားသောကြောင့် ကျိုက်ထိုမြို့နယ်ရှိ အလွတ်တန်းသတင်းထောက်ကို ထက်မြတ်သူ၏ နေ အိမ်တွင် လျှို့ဝှက်နေထိုင်ရင်း သတင်းအလုပ်များ လုပ်ကိုင် နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo – သြဂုတ် ၂၁ ရက်တွင် စစ်​ကောင်စီတပ်၏ သတ်ဖြတ်မှု ခံခဲ့ရ​​သောသတင်း​ထောက် ကိုထက်မြတ်သူ (ဝဲ) နှင့် ကိုဝင်းထွဋ်ဦး (ယာ)တို့ကို​ တွေ့ရစဥ်

ကိုထက်မြတ်သူသည်လည်း ၂၀၂၁ ခုနှစ် ဆန္ဒပြပွဲများကို သတင်းရယူစဉ်က စစ်ကောင်စီတပ်က ခြေထောက်ကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်ပြီး ၎င်းထောင်မှပြန်လည်လွတ်မြောက် လာပြီးနောက် အလွတ်တန်း သတင်းထောက် အဖြစ် လျှို့ဝှက်စွာလုပ်ကိုင်နေခဲ့သူဖြစ်ကြောင်း သိရ သည်။

 

အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် အလွတ်တန်းသတင်းထောက်များဖြစ်ကြသော ကိုဝင်းထွဋ်ဦး၊ ကိုထက် မြတ်သူတို့ နှင့်အတူ နေအိမ်အတွင်းရောက်ရှိနေသည့် ဒေသနေပြည်သူတစ်ဦးနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများက နှိပ်စက်ညှင်းပန်းကာ သတ် ဖြတ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင်း ကိုဝင်းထွဋ်ဦးနှင့် ကိုထက်မြတ်သူတို့ကို သတင်းထောက်များမဟုတ်ဘဲ လက်နက်ကိုင်များ သဖွယ်ပုံဖော်ဝါဒဖြန့်လျက် ရှိကြောင်း၊ သတင်းသမားများသည် ပြည်သူလူထုထံသို့ သတင်းမှန်၊ အချက်အလက်မှန်များ ပေးပို့ ရသူများဖြစ်သောကြောင့် အဖွဲ့အစည်း အမျိုးမျိုးနှင့် တွေ့ဆုံကြလေ့ရှိကြောင်း IMJA က ထုတ်ပြန် ထားသည်။

 

စစ်ကောင်စီသည် အာဏာသိမ်းဖြစ်စဉ် အစောပိုင်းကာလ လက်နက်ကိုင်တော်လှန်ရေးအားမကောင်း သေးစဉ်ကပင် သတင်းသမားများကို ဖမ်းဆီးရာတွင် လက်နက်နှင့်တကွ ဖမ်းမိသည်ဟု ဝါဒဖြန့်မှု အ ကြိမ် ကြိမ်ပြုလုပ်ခဲ့သည့် အပြင် သတင်းသမားများကိုဖမ်းဆီးပြီးနောက်တွင်လည်း အကြမ်းဖက်ပုဒ်မ အမျိုးမျိုးတပ်ကာ နှစ်ရှည်ထောင်ဒဏ်များချမှတ်လေ့ရှိကြောင်း လွတ်လပ်သော မြန်မာသတင်းစာ ဆရာ များ အစည်းအရုံး (IMJA) ၏သုတေသနစာတမ်းပါအချက်အလက်များအရ စစ်ဆေးတွေ့ရှိရ သည်ဟု ဆိုသည်။

 

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အချိန်အထိ သတင်းသမား ၇ ဦးကို သတ်ဖြတ်ခဲ့ပြီး သတင်းသမား ၁၇၇ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီအနေဖြင့် သတင်းသမားများကိုသတ်ဖြတ်မှုများ၊ ပစ်မှတ်ထားဖမ်းဆီးမှုများ ချက်ခြင်းရပ် တန့်ပြီး ဖမ်းဆီးထားသောသတင်းသမားများအားလုံးကို ချွင်းချက်မရှိအမြန်ဆုံး ပြန်လွှတ်ပေးရန် လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) က တိုက်တွန်းတောင်းဆိုထားသည်။

 

လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)အနေဖြင့်ယခုကဲ့သို့သတင်းသမားများအပေါ်သတ်ဖြတ်ခြင်းဖြစ်ရပ်အားပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပြီးသတင်းမီဒီယာသမားများအပေါ်ကျူးလွန်သည့်ပြစ်မှုတစ်ခုအနေဖြင့် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

ယခုကဲ့ သတင်းသမားများကို ပစ်မှတ်ထား ဖမ်းဆီး၊ သတ်ဖြတ်၊ ထောင်ချနေသော စစ်ကောင်စီကို နိုင်ငံတကာအစိုးရများ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ထိထိ ရောက်ရောက် ဖိအားပေးကန့်ကွက်ပြီး အရေးယူမှုများ ပြုလုပ်ကြရန် IMJA က တိုက်တွန်းတောင်းဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *