Taunggoo News

0 0
Read Time:2 Minute, 59 Second

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု လေတပ် စစ်အရာရှိ ၂ ဦးသေဆုံး၊ ပစ်ခတ်ခံရပြီး ၃ ရက် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်တောင်ငူလာရောက်

 

D Day News

ဩဂုတ်လ ၂၃

 

ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ် စစ်အရာရှိ ၂ ဦးသေဆုံးပြီး ၆ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း Mountain Knights- Civilian Defense Force – MKCDF ထံမှ သိရသည်။

ဩဂုတ်လ ၂၀ ရက်နေ့ ည ၁၁ နာရီ ၅၆ မိနစ်အချိန် တောင်ငူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ငူလေတပ် စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံး ကို ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ၄ လုံး အောင်မြင်စွာ ပစ်ခတ် နိုင်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် လေတပ်မှ စစ်အရာရှိ ၂ ဦး သေဆုံးပြီး အခြားအဆင့် ၆ ဦး ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း သိရသည်။

“ပစ်လိုက်တဲ့ ရှော့ဒုံးလေတပ်စစ်သည် တွေနေတဲ့ ဘားတိုက်ထဲကို ကျပြီး ပေါက်ကွဲသွားတယ်။ အရာ ရှိနဲ့ အခြားအဆင့်စစ်သည်အမြောက်အများ သေဆုံး ဒဏ်ရာရတာတွေရှိတယ်။ အဲဒီအထဲကမှ စစ် အရာရှိ ၂ ဦး သေဆုံးပြီး အခြားအဆင့်စစ်သည် ၆ ဦး ဒဏ်ရာအပြင်းအထန်ရတယ်လို့ ကနဦးစုံစမ်း သိရှိ ရပါတယ်။ နောက်ထပ် သိရှိချက်အရ ထိမှန်သည့်နေရာအနက်မှ အခြားအဆောင်တွေလည်း ထိမှန်တယ်။ ” ဟု Mountain Knights- Civilian Defense Force – MKCDF မှ တာဝန်ရှိသူက ပြော ကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Mountain Knights Civilian Defense Force (MKCDF) အဖွဲ့သည် Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှု ဖြင့် ၊ Mercury Revolution Force (MRF) အဖွဲ့ ၊ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်များ အဖွဲ့တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့သို့ တောင်ငူလေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် ၃ အကြာ ယနေ့ ဩဂုတ် ၂၃ ရက်နေ့တွင် အ ကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် တောင်ငူမြို့သို့ လာရောက်ခဲ့ကြောင်း ဒေသသတင်းရင်း မြစ်များထံမှ သိရသည်။

 

အကြမ်းဖက်စစ်ခေါင်းဆောင်ရောက်ရှိလာမှုကြောင့် တောင်ငူတစ်မြို့လုံးနှင့်မြို့ပြင်နေရာများတွင် Jammer စက်များ တပ်ဆင်ထားသည့်အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား အများ အပြားချကာ လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ခေါင်းဆောင်မရောက်မီ ယမန်နေ့ ဩဂုတ်လ ၂၂ ရက်နေ့ကလည်း တောင်ငူမြို့ စည်ပင်ရုံး၊ လျှပ်စစ်ရုံးနှင့် ယာဉ်ထိန်းရဲအိမ်ယာတို့တွင် မိုင်းပေါက်ကွဲမှုရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *