Poem

0 0
Read Time:1 Minute, 1 Second

ကဗျာကဏ္ဍ “ပြည်သူ့ဆန္ဒ”

 

ပျိုးကြဲလက်

 

လမ်းထက်က တညံညံ

ဘာသံလဲမေး ။

မေးပါနဲ့အေ

တို့ပြည်မယ် သပိတ်ပွဲ

နွှဲကြတယ်လေး ။

 

ဘယ်အရေးနဲ့ နေပူခံ

ဆန္ဒပြမေး ။

မေးပါနဲ့အေ

ဗမာပြည် အာဏာငတ်

စစ်တပ်ကြောင့်လေး ။

 

ဟိုအနားက ဒိန်းဒိုင်းညံ

ဘာသံလဲမေး ။

မေးပါနဲ့အေ

ပြည်သူတွေ သေအောင်သတ်

ပစ်ခတ်သံလေး ။

 

ပြည်သူ့ရန် ကာကွယ်ရာ

သူ့တာလားမေး ။

မေးပါနဲ့အေ

သည်မြေမှာ မြင်ရာသတ်တဲ့

စစ်တပ်ကွဲ့လေး ။

 

အုန်းဝုန်းဝုန်း ဒုန်းဒိုင်းညံ

ဘာသံလဲမေး ။

မေးပါနဲ့အေ

လူငယ်တွေ ပုန်ကန်ထ

ပြန်ချပြီလေး ။

 

အမယ်လေးဟဲ့ ကြောက်စရာ

ဘယ်ခါထိမေး ။

မေးပါနဲ့အေ

တို့မြေမှာ ဖယ်ဒရယ်ရမှ

ရပ်ကြမယ်လေး ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ဇူလိုင်လ ၁၅ ရက် ညနေ ၆ နာရီ ၂၆ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *