ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်ရှိ စစ်သားများကို စနိုက်ပါဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး
D Day News
ဩဂုတ်လ ၂၃
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်ကို အကြမ်းဖက်စစ်သားများကို ၂ ရက် ဆက်တိုက် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဩဂုတ်လ ၁၉ ရက် နှင့် ၂၀ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေး ဂိတ်ရှိအကြမ်းဖက်စစ်ကောင်စီတပ်သားများကို စနိုက်ပါဖြင့်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ယင်းစစ်ဆေးဂိတ်သည် ပြည်သူများကို နည်းလမ်းမျိုးစုံ ဖြင့် ဖမ်းဆီး၊ ဆက်ကြေးကောက်၊ ခြိမ်းခြောက်နေသည့် ဂိတ်တစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် (DNLA) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ဆင်ရေးများ အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး အသိ၊သတိပြု သွားလာနေထိုင်ကြပါရန် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF ကထုတ်ပြန်ထားသည်။
D Day News