CDM News

0 0
Read Time:2 Minute, 17 Second

ကြာအင်းဆိပ်ကြီးအခြေစိုက် ခလရ ၃၂ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် KNU ထံ အလင်းလာပြီး မင်းအောင်လှိုင်စစ်တပ်ကို ပြန်တိုက်မည်

 

D Day News

ဩဂုတ်လ ၂၃

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ ၃၂ တပ်ရင်း တပ်သားတစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် KNU ထံအလင်းဝင်လာခဲ့ပြီး မင်းအောင်လှိုင်စစ်တပ်ကို ပြန်လည် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း KNU ဗဟိုထံမှ သိရသည်။

 

ဩဂုတ်လ ၁၉ ရက်နေ့က ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၃၂ တပ်ရင်းမှ အသက် (၂၁) နှစ် အရွယ်ရှိ တသ ဇင်မင်းအောင်သည် MA-1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၈ ဘောက်၊ ကျည် တောင့် ၂၀၆ တောင့်၊ အီနာဂါ ၁ ဗုံးလုံး ၊ အီကွေးမင့် ၁ စုံ တို့နှင့်အတူ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (K.N.L.A) တပ် မဟာ ၆ တပ်ရင်း ၁၇ ထံသို့ လာရောက် ပူးပေါင်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်ခဲ့သူ တပ်သား ဇင်မင်းအောင်သည် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်အား ပြန်လည်တော် လှန်သွားမည်ဟု အသိပေးပြောကြားခဲ့ကြောင်း KNU ဗဟိုထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ တပ်သား ဇင်မင်းအောင်အား ကေအဲန်ယူ – ဒူးပလာယာခရိုင်၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၆) မှ သတ်မှတ်ထားသည့် ထောက်ပံ့မှု ပမာဏအတိုင်း ထောက်ပံ့ကူညီပေးခဲ့ပြီး ၎င်း၏ ဘဝရှေ့ရေးအတွက် ကူညီဆောင်ရွက်စီစဥ် ပေးခဲ့ကြောင်း သိရ သည်။

Photo – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၆) ထံသို့ လက်နက် ခဲယမ်း နှင့်အတူ လာရောက်ပူးပေါင်းခဲ့သော ခလရ-၃၂ တပ်ရင်းမှ တပ်သား။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *