Tanintharyi News

0 0
Read Time:2 Minute, 4 Second

တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေအိမ်အချို့ ပျက်စီး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၂၃

 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အတွင်းရှိ ကျေးရွာ ၂ ရွာ ကို အကြမ်းဖက်စစ် ကောင်စီ တပ် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ပျက် စီးခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းစစ်ကြောင်း ၁ ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ၊ ၂၂ ရက်နေ့တွင် မွန်းတည့် ၁၂ နာရီခွဲအချိန်ခန့်တွင် တနင်္သာရီမြို့နယ်၊ ဆင် ခေါင်း ကျေးရွာရှိ ဘုရားတောင်ကိုလည်းကောင်း၊ ညနေ ၃ နာရီခွဲခန့်တွင် ဘန်လောကျေးရွာ စာသင် ကျောင်းကိုလည်းကောင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က K-8W Jet Fighter အမျိုးအစားတိုက်လေယာဉ်ကိုအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ အကြမ်းဖက်စစ်ကောင်စီ၏ဗုံးကျဲတိုက်ခိုက်မှုအတွင်းထိခိုက်ဒါဏ်ရာရရှိ သူများမရှိသော်လည်းပြည်သူများနေထိုင်ရာနေအိမ်တစ်ချို့ပျက်စီးခဲ့ကြောင်း သိရသည်။

 

ယခုရက်ပိုင်းအကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူများနေထိုင်ရာ ကျေရွာများ၊ စာသင်ကျောင်း များနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦးများကို ပစ်မှတ်ထားပြီး လေကြောင်းမှ ဗုံးကျဲတိုက်ခိုက် မှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် ကျေးရွာနေပြည်သူများအနေဖြင့် အထူးသတိပြု နေထိုင်ပေးကြပါရန် မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ( ၁ ) ကထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *