Myingyan News

0 0
Read Time:2 Minute, 9 Second

မြင်းခြံမြို့နယ်၊ ဆီမီးခုံရဲစခန်းနှင့်ဆုံရွာ ပျူစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၃ ဦး ဒဏ်ရာရ (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၂၂

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံရဲစခန်းနှင့် ဆုံရွာ ပျူစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပျူ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။

 

ယမန်နေ့ ဩဂုတ် ၂၁ ရက် နံနက် ၁၀ နာရီခန့်က မြင်းခြံမြို့နယ်၊ ဆုံရွာရှိအကြမ်းဖက်စစ်သား၊ ပျူ စောထီး ပူပေါင်းတပ်စွဲထားသည့် ကင်းစခန်းပေါ်သို့ Fixed-Wing ဒရုန်း နှစ်စီးဖြင့် ၈ဝဝ g ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ကင်းစခန်းများပေါ်သို့ တည့်မတ်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး ပျူ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အလားတူ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် ဆီမီးခုံမြို့ရဲစခန်းအတွင်းသို့ Fixed-wing ဒရုန်း ဖြင့် ၈၀၀ g ဗုံးသီး ၁ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ရာ စခန်းတွင်းကျပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ် သား၊ ရဲများက ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

“၃ ယောက်ထိတယ်လို့ သတင်းရသေးတယ်၊ ဆီမီးခုံရဲစခန်းက စုံစမ်းမရသေးဘူး။ ဗုံးသီးချ နေတဲ့ အ ချိန် မှာ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိခဲ့ပါတယ်” ဟု ရွှေဂျိုးဖြူပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(မြင်းခြံ) နှင့် AungSan’s Blood Civilians Defense Force (ABCDF) မဟာမိတ်ညီနောင် နှစ်ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *