စစ်သား၊ ရဲများစခန်းစွန့်ခွာသွားသည့် ကျပ်ထိုးနယ်မြေရဲကင်းစခန်းကို ဘူဒိုဇာဖြင့် ထိုးချဖျက်ဆီး
D Day News
ဩဂုတ်လ ၂၂
အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲများစခန်းစွန့်လွှတ်သွားသည့် ကျပ်ထိုးနယ်မြေရဲကင်းစခန်းကို ဝင်ရောက်ရှင်းလင်းကာ ဘူဒိုဇာဖြင့် ထိုးချဖျက်ဆီးလိုက်ကြောင်း ABSDF စစ်ကြောင်း ၃ က ထုတ်ပြန်သည်။
ယနေ့ ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် မြစ်ခြေမြို့ ဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ ကျက်ထိုးအုပ်စု ကျက်ထိုးနယ်မြေရဲကင်း စခန်းမှ စစ်သား၊ ရဲ အင်အား ၂၀ ကျော်သည် သေနတ်များပစ်ဖောက်ပြီး စခန်းစွန့်ခွာသွားကာ ညောင် ဂျစ်ပင်ပျူရွာစခန်းသို့ သွားရောက်ပူးပေါင်းခဲ့ ကြောင်းကြောင်း သိရသည်။
Photo – ကျပ်ထိုးနယ်မြေရဲစခန်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှင်းလင်းစဉ်
ထို့ကြောင့် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲများစွန့်ခွာသွားသည့် အထိုင်စခန်းအတွင်းရှိ မြေ စိုက်ဘန်ကာများ အဆောက်အဦးများကို ABSDF အမှတ် ၃ စစ်ကြောင်းနှင့် ဒေသနေပြည်သူများ၊ တော်လှန်ရေးအင်အားစုများပူးပေါင်းပြီး မီးရှို့ ဖျက်ဆီးခြင်း၊ ဘူဒိုဇာ အသုံးပြု၍ ဖျက်ဆီးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ ပခုက္ကူမြို့နယ်နှင့်ပေါက်မြို့နယ်အစပ်ရှိ သာကြီးတောင် ရေနံမြေ ရဲကင်းကို ဩဂုတ်လ ၂၀ ရက်နေ့က ပေါက်မြို့နယ် ပကဖ နှင့် တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက အကြမ်းဖက်စစ်သား၊ ရဲများ အားလုံဂ စခန်းစွန့်ခွာကာ ကမ္မမြို့ပေါ်သို့ သွားရောက်ပူးပေါင်းကြကြောင်း သိရသည်။
D Day News