Yesagyo News

0 0
Read Time:3 Minute, 15 Second

ရေစကြိုမြို့နယ်၊ ဟင်္သာပျူရွာမှ စစ်သား၊ ပျူများ စခန်းစွန့်ခွာသွားသဖြင့် PDF တပ်ဖွဲ့က ဝင်ရောက် ရှင်းလင်း၊ ၁၀ ရက်ကြာပိတ်ဆို့တိုက်ခိုက်မှုအတွင်း စစ်သား၊ ပျူ ၆ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၂၂

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာရွာပျူစခန်းမှ စစ်သား၊ ပျူများ စခန်းစွန့်ခွာသွားသဖြင့် ဝင် ရောက်ရှင်းလင်းကာ စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ရေစကြို ပကဖထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ် ၂၁ ရက်နေ့က နံနက် ၈ နာရီခန့်က ရေစကြိုမြို့နယ်၊ ဟင်္သာပျူစောထီးရွာမှ အ ကြမ်းဖက်စစ်သား ပျူစောထီးများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ၁၀ ရက်ကြာ ဝိုင်းဝန်း ပိတ်ဆို့ခံထားရမှုကို မခံနိုင်တော့သဖြင့် စခန်းစွန့်ခွာသွားကာ ရေစကြိုမြို့နယ် ၊ ပခုက္ကူ-ရေစ ကြို လမ်းမပေါ်ရှိ ပခန်းကြီးကျေးရွာရဲစခန်းသို့ သွားရောက်ပူးပေါင်းကြခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သား၊ ပျူစောထီးများ စွန့်ခွာသွားသည့်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ရှင်း လင်းပြီး မီးရှို့ဖျက်ဆီးပေးလိုက်ကြောင်း သိရသည်။

“စခန်းစွန့်ထွက်ပြေးသွားလို့ ဝင်ရောက်ရှင်းလင်းပြီး မီးရှို့ပေးလိုက်တာ။ ရေစကြိုတောင်ဘက် ပခုက္ကူ -ရေစကြိုကားလမ်းဘေးမှာရှိတဲ့ ပခန်းကြီးရဲစခန်းကို သွားပေါင်းတာ။ စခန်းထဲဝင်ရှင်းတော့ ဆိုင် ကယ်တွေနဲ့ ဆန်တွေတော့ရတယ်။ အဲဒါတွေက လောလောဆယ်အဲဒီဘက်အပိုင်းမှာက နည်းနည်း ရှုတ်နေသေးလို့ သေချာ အတိအကျ မစိစစ်ရသေးဘူး။ လက်နက်တွေဘာတွေတော့မရခဲ့ဘူး။ ပျူ ရွာမှာက အင်အားက ၂၀ လောက်ပဲရှိတာ၊ ပခုက္ကူကနေ စစ်ကြောင်းထိုးလာပြီးမှ ပခန်းကြီးဘက်ကို သွားပေါင်းတာပါ။ သူတို့စွန့်ခွာသွားခြင်းခြင်းပဲ စခန်းကို ဝင်ရှင်းခဲ့လိုက်တယ်၊” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ဩဂုတ်လ ၁၄ ရက်နေ့တွင် ပခုက္ကူမြို့မှ ဟင်္သာကျေးရွာ ပျူစခန်းသို့ အကြမ်းဖက်စစ်သားများ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူ ၆ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဟင်္သာရွာ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) နှင့် မဟာမိတ် တပ်ဖွဲ့များဖြစ်သော နွေဦးစစ်သည် ရေလယ်ကျွန်းဒေသ စစ်ကြောင်း ၊UURF အပါအဝင် လိုကယ်အဖွဲ့များမှ လက်နက်ကြီးပစ်ကူပေးခြင်း ၊ RC လာချကူခြင်း၊ ရှော့တိုက်ဒုံးများ ပစ်ကူခြင်းများ ညီညွတ်စွာဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အကြမ်းဖက်စစ်သား၊ ပျူများ ဆက်လက်နေထိုင် ရဲခြင်း မရှိတော့ပဲ စခန်းစွန့်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *