International News

0 0
Read Time:13 Minute, 30 Second

စစ်ရာဇဝတ်မှုမြောက်များစွာ ကျူးလွန်နေသည့် မြန်မာအကြမ်းဖက်စစ်အုပ်စုကို စင်္ကာပူအခြေစိုက် Emerging Towns&Cities(ETC) ကုမ္ပဏီက စင်္ကာပူဒေါ်လာ ၅.၅၇ သန်း ထောက်ပံ့ခဲ့

 

D Day News

ဩဂုတ်လ ၂၁

 

စစ်ရာဇဝတ်မှု မြောက်များစွာ ကျူးလွန်နေသည့် မြန်မာအကြမ်းဖက်စစ်တပ်ကို စင်ကာပူအခြေစိုက် Emerging Towns & Cities (ETC) ကုမ္ပဏီက စင်္ကာပူဒေါ်လာ ၅.၅၇ သန်း ထောက်ပံ့ခဲ့ကြောင်း Justice For Myanmar ထုတ်ပြန်သည်။

 

၂၀၂၄ ခုနှစ်၊ ဇွန်လ အထိ ၆ လစာ ETC ၏ ဘဏ္ဍာရေးဆိုင်ရာနောက်ဆုံးထုတ်ပြန်ချက်တွင် Golden City စီမံကိန်းအတွက် မြေငှားရမ်းခ ပရီမီယံကြေး စင်ကာပူဒေါ်လာ ၉၀၀,၀၀၀ ပေးချေခဲ့သည်ဟု ဖော်ပြထားကြောင်း၊ ယင်းစီမံကိန်းသည် မြန်မာစစ်အုပ်စု၏ စစ်ထောက်ချုပ်ရုံးထံမှ မြေငှားရမ်း တည်ဆောက်ထားသည့် အိမ်ခြံမြေ၊ အဆောက်အအုံစီမံကိန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

 

ယခင်ဘဏ္ဍာရေးအစီရင်ခံစာများအရ ၂၀၂၂ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၁.၆၈ သန်းနှင့် ၂၀၂၃ ခုနှစ် တွင် စင်ကာပူဒေါ်လာ ၂.၉၉ သန်း ပေးချေခဲ့မှုကို တွေ့ရပြီး၊ တရားမဝင်အာဏာသိမ်း ကြိုးပမ်းမှု နောက်ပိုင်း မြန်မာစစ်အုပ်စုထံ စုစုပေါင်းပေးချေငွေသည် စင်ကာပူဒေါ်လာ ၅.၅၇ သန်း ရှိလာပြီဖြစ် ကြောင်း၊  ETC အနေဖြင့် ၂၀၂၁ ခုနှစ်အတွင်း ပေးချေထားသည်ကို မတွေ့ရကြောင်း Justice For Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ထောက်ချုပ်ရုံးသည် စစ်ရာဇဝတ်မှုများကျူးလွန်နေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) လက်အောက်တွင် တည်ရှိပြီး ယူကေ၊ အမေရိကန်နှင့် ကနေဒါတို့က ပိတ်ဆို့အရေးယူထားသည်။

 

ယူကေအစိုးရ၏ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ဒဏ်ခတ်ပိတ်ဆို့မှု ထုတ်ပြန်ချက်တွင် စစ်ထောက်ချုပ်ရုံး သည် “မြန်မာစစ်တပ် တပ်ဖွဲ့များအတွက် လက်နက်ခဲယမ်း၊ ဗုံးများနှင့် လေယာဥ်ဆီများအပါအဝင် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ယင်းလုပ်ရပ် သည် ငြိမ်းချမ်းစွာဆန္ဒပြသူများ၊ လူနည်းစုဝင် လူမျိုးစုများ အပါအဝင် အရပ်သားပြည်သူများအပေါ် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဖိနှိပ်ခြင်းတို့ကို တိုက်ရိုက်အားပေးကူညီ နေ သည်” ဟုဖော်ပြထားကြောင်း သိရသည်။

 

ETC သည် ၃ နှစ်ကျော်မျှ ကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်းထားခဲ့သလို ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ မှ ရင်းနှီးမြှုပ်နှံမှုများကို ရုပ်သိမ်းရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖော်ပြခဲ့ရာက နောက်ပိုင်းတွင်မှ ယခုကဲ့သို့ မြန်မာစစ်အုပ်စုထံ နောက်ဆုံး ငွေပေးချေမှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း၊၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ETC ၏ မြန်မာစစ်အုပ်စုထံ ငွေပေးချေမှုများနှင့် စင်ကာပူ စတော့အိတ်ချိန်း အတွက် သက်ရောက်မှုများဆိုင်ရာ အစီရင်ခံစာတစ်စောင်ကို Justice For Myanmar မှ ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

 

ငွေပေးချေမှုများတွင် “မြေအသုံးပြုမှုပရီမီယံကြေး” အမေရိကန်ဒေါ်လာ ၆.၈ သန်းနှင့် နှစ်စဉ်ကြေး အမေရိကန်ဒေါ်လာ ၂.၈ သန်းတို့ ပါဝင်ပြီး သဘောတူညီချက်သည် တည်ဆောက်-လုပ်ကိုင်-လွှဲ ပြောင်း (ဘီအိုတီ) စာချုပ်အရဖြစ်ကြောင်း၊ ငှားရမ်းမှုသက်တမ်း အများဆုံး နှစ် ၇၀နှင့်အတူ၊ ပြီးဆုံး သည့်အခါတွင် စစ်အုပ်စုသည် အဆိုပါအဆောက်အဦးကို ပိုင်ဆိုင်မှုအဖြစ် ရရှိသွားမည် ဖြစ်ကြောင်း သိရသည်။

 

ယင်း နှစ် ၇၀ အတွင်း စစ်အုပ်စုထံ စုစုပေါင်းငွေပေးချေမှုသည် အမေရိကန်ဒေါ်လာ ၁၉၁.၁ သန်း ထိရှိသွားမည် ဖြစ်ကြောင်း သိရသည်။

 

Justice For Myanmar ၏ အစီရင်ခံစာအား တုံ့ပြန်သည့်အနေဖြင့် စင်ကာပူစတော့အိတ်ချိန်း စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ETC အား စည်းမျဉ်းစည်း ကမ်းဆိုင်ရာ အရေးယူဆောင်ရွက်မှုများ ချမှတ်ခဲ့ပြီး ကုမ္ပဏီက ကုန်သွယ်မှုကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

 

စင်ကာပူစတော့အိတ်ချိန်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ မေးမြန်းမှုများအား ဖြေကြားရန်အတွက် ETC သည် မြန်မာစစ်အုပ်စုထံ ၎င်းတို့၏ ငွေးပေးချေမှုများနှင့် ဥပဒေကြောင်းဆိုင်ရာ လိုက်နာဆောင် ရွက်မှုများအပေါ် လွပ်လပ်သော ပြန်လည်သုံးသပ်မှုအဖွဲ့များကို ငှားရမ်းဆောင်ရွက်ခဲ့သည်ဟု ဆို သည်။

 

Justice For Myanmar နှင့် Australian Center for International Justice တို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး‌ရှေ့နေနှင့် နိုင်ငံတကာဥပဒေပညာရှင် Felicity Gerry KC နှင့် ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယန်းရှေ့နေများကောင်စီမှ Daye Gang တို့ ရေးသားသော ဥပဒေရေးရာမှတ်စုတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ယင်းမှတ်စုတွင် နိုင်ငံတကာဥပဒေနှင့် လမ်းညွှန်ချက် များသည် စင်ကာပူစတော့အိတ်ချိန်းတွင် တင်ကြိုစီစစ်လုပ်ဆောင်ရမည့် ဝတ္တရားများ ကို ပြဌာန်းထားပြီး ဖြစ်ကြောင်း၊ မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ကိုင်နေသော ကုမ္ပဏီများကြောင့် စင်ကာပူငွေကြေးအာဏာပိုင်နှင့် စင်ကာပူအစိုးရတို့အနေဖြင့် နိုင်ငံတကာဥပဒေအရ ဆက်စပ် တာ ဝန်ယူရဖွယ်များ ရှိလာနိုင်ကြောင်း ဖော်ပြပါရှိသည်။

 

ဥပဒေရေးရာမှတ်စုတွင် စင်ကာပူနိုင်ငံအနေဖြင့် “မှားယွင်းသည့်လုပ်ရပ်များမြောက်နိုင်သည့် အ ရောင်းအဝယ်လုပ်ငန်းများကို စုံစမ်းစစ်ဆေးရန်၊ ကာကွယ်ရန်နှင့် ရပ်ဆိုင်းရန်အတွက် နိုင်ငံတကာ ဥပဒေဆိုင်ရာ တာဝန်တစ်ရပ်ရှိကြောင်း၊ ယင်းတာဝန်သည် မြန်မာစစ်အုပ်စု၊ ၎င်း၏ စီးပွားရေး လုပ် ငန်းများနှင့် လုပ်ငန်းများလုပ်ဆောင်နေသည့်အပေါ်တွင် ကျင့်သုံးနိုင်သည့်အပြင်၊ အကယ်၍ မြန်မာ စစ်အုပ်စု၏ ဘဏ္ဍာရေးအဖွဲ့အစည်းများသည် နိုင်ငံတကာဥပဒေများကို သော်လည်းကောင်း၊ နိုင်ငံ တကာ လူ့အခွင့်အရေးများနှင့် လူသားချင်းစာနာမှု ဥပဒေအပါအဝင် လိုက်နာရမည့် စည်းမျဉ်းများကို သော်လည်းကောင်း ချိုးဖောက်ကြောင်း တွေ့ရှိပါက စင်ကာပူစတော့အိတ်ချိန်းနှင့်ပတ်သက်၍ ယင်း ဥပဒေကျင့်ထုံးကို အလွယ်တကူ ချမှတ်ကျင့်သုံးနိုင်မည် ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

 

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ETC သည် ၎င်းတို့အနေဖြင့် စင်ကာပူကုမ္ပဏီ Grand Ally Investments ကုမ္ပဏီနှင့် ရောင်းဝယ်မှုသဘောတူညီချက်တစ်ရပ် ချုပ်ဆိုခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး မကြာ သေးမီကပင် စာချုပ်ပါနောက်ဆုံးရက် သတ်မှတ်ချက်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။

 

ETC နှင့် Grand Ally ကုမ္ပဏီနှစ်ခုလုံးသည် စင်ကာပူတွင် မှတ်ပုံတင်ထားသောကြောင့် စင်ကာပူ သည် မြန်မာစစ်အုပ်စုနှင့် လုပ်ကိုင်နေသော Golden City ၏ စီးပွားရေးလုပ်ငန်းနှင့် ဆက်လက် ထိတွေ့ ချိတ်ဆက်နေဆဲပင်ဖြစ်ကြောင်း၊ ယင်းသည် လက်ရှိကျူးလွန်နေသည့် စစ်အုပ်စု၏ စစ်ရာ ဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများကို ငွေကြေးဆက်လက် ထောက် ပံ့ ကူညီနေခြင်း ဖြစ်ကြောင်း Justice For Myanmar က ပြောဆိုသည်။

 

စစ်အုပ်စုနှင့် ၎င်း၏စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်နှင့် Golden City ကို ဆက်ခံမည့် ရင်းနှီးမြှုပ်နှံသူများနှင့် ETC တို့မှ မြန်မာစစ်အုပ်စုထံ ငွေကြေးများ ဆက်လက်ပေး ချေမှုများကို တားဆီးပေးရန် Justice For Myanmar က စင်ကာပူနိုင်ငံကို တိုက်တွန်းတောင်းဆို လိုက်သည်။

 

အကယ်၍ အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါက၊ ETC ၏ ငွေကြေးနှင့် ပိုင်ဆိုင်မှုများသည် အမေ ရိကန်ဘဏ္ဍာရေးအဖွဲ့အစည်းများထံ ပြောင်းရွေ့ရောက်ရှိသွားနိုင်သည့်အတွက် စင်ကာပူနိုင်ငံ၏ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက စင်ကာပူဘဏ္ဍာရေးအဖွဲ့အစည်းများသည် ပိုင်ဆိုင်မှုများကို ထိန်းချုပ်သိမ်းဆည်းခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း Justice For Myanmar ထောက်ပြ ထားသည်။

 

အစိုးရများအနေဖြင့် စစ်ထောက်ချုပ်ရုံးနှင့် စီးပွားဆက်ဆံမှုများ ဆက်လက်ရှိနေသေးသည့် ETC ၏ မြန်မာနိုင်ငံမိတ်ဖက် Jewellery Luck Group of Companies နှင့် ယင်း၏ပိုင်ရှင်များ၊ ဒါရိုက်တာ များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်ကြောင်း၊ Jewellery Luck Group of Companies သည် Golden Land Real Estate Development ၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း အကြံ ပြုပြောဆိုထားသည်။

 

အဆိုပါအဖွဲ့သည် စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာ့သစ်လုပ်ငန်းမှ ကျွန်းသစ်ဝယ်ယူမှုများမှ တ ဆင့် စစ်အုပ်စုကို ငွေကြေးထောက်ပံ့နေကြောင်း Justice For Myanmar သတင်းရင်းမြစ်များအရ သိရသည်။

 

ရောင်းချမှုအောက်မှတဆင့် ETC သည် Golden Land Real Estate နှင့် နိုင်ငံတကာဘဏ်များ ဖြစ် သည့် ICBC of China၊ ထိုင်ဝမ်နိုင်ငံ E.SUN နှင့် မြန်မာခရိုနီဘဏ် KBZ တို့အကြား သဘောတူချုပ် ဆိုထားသည့် ချေးငွေဆိုင်ရာ လိုက်နာရမည့် တာဝန်နှင့်ကတိကဝတ်များမှ ၎င်းကိုယ်၎င်း လွတ် မြောက်သွားအောင် လုပ်ဆောင်သွားမည်သာဖြစ်ပြီး ယင်းဘဏ်များသည်လည်း Golden City စီမံ ကိန်း မှတဆင့် မြန်မာစစ်အုပ်စုအား ငွေကြေးထောက်ပံ့ခြင်းမျိုးဖြင့် ဆက်လက်ချိတ်ဆက် ပတ် သက်နေဦးမည်သာဖြစ်ကြောင်း Justice For Myanmar ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ဘဏ်များအနေဖြင့် မြန်မာစစ်အုပ်စုနှင့် ၎င်း၏မိတ်ဖက်များနှင့် လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်း များကို ရပ်ဆိုင်းသင့်ကြောင်း၊ သို့မဟုတ်ပါက ၎င်းတို့၏ ဘဏ္ဍာငွေများနှင့် ပိုင်ဆိုင်မှုများသည် ပြည် တွင်းနှင့် နိုင်ငံဖြတ်ကျော် ငွေကြေးခဝါချမှုဆိုင်ရာ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၏ စုံစမ်း စစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများအတွင်း ထိန်းချုပ်သိမ်းဆည်းခံရသည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင် ကြောင်း ဆက်လက်အကြံပြုထောက်ပြထားသည်။

 

“ကလေးသူငယ်တွေကို သတ်ဖြတ်၊ စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်းတွေကို ဗုံးကြဲဖျက်ဆီးပြီး၊ လူ သန်းချီ အိုးအိမ်မဲ့ဖြစ်အောင် လုပ်ဆောင်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတရားခံ စစ်အုပ်စုကို ငွေကြေး ထောက်ပံ့နေဆဲဖြစ်တဲ့ ETC ကုမ္ပဏီက စင်ကာပူနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေနိုင် တာကတော့ လက်ခံနိုင်ဖွယ် မရှိပါဘူး။ ဒီလိုမြန်မာစစ်အုပ်စုကို ငွေကြေးဆက်လက်ထောက်ပံ့နေမှု တွေကတဆင့် ETC ဟာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန် တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပါဝင်ပတ်သက်နေပြီပဲ ဖြစ်ပါတယ်။စင်ကာပူနိုင်ငံအနေနဲ့ လူသတ် စစ်အုပ်စုကို ငွေကြေး၊ စစ်လက်နက်၊ နည်းပညာနဲ့ လောင်စာဆီ တွေပေးအပ်နေတဲ့ ၎င်းရဲ့ကုမ္ပဏီ တွေကို ပိတ်ပင်အရေးယူဖို့ ပိုမိုလုပ်ဆောင်ရမယ့်အချိန် ရောက်လို့နေပါပြီ။စစ်အုပ်စုနဲ့ ၎င်းရဲ့ စီးပွား ရေး လုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ စင်ကာပူနိုင်ငံ အပါအဝင် အစိုးရတွေကို ကျမတို့ တောင်းဆိုပါတယ်။ အစိုးရတွေအနေနဲ့ စစ်အုပ်စုနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လက် လုပ် ကိုင်နေတဲ့ ETC ရဲ့ မြန်မာမိတ်ဖက်ဖြစ်တဲ့ Jewellery Luck Group အပေါ်ကိုလည်း ဒဏ်ခတ်ပိတ် ဆို့မှုတွေ ချမှတ်သင့်ပါတယ်” ဟု  Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *