NUG News

0 0
Read Time:5 Minute, 25 Second

မြို့သိမ်း၊စခန်းသိမ်းပြီးနောက် ထိန်းထားနိုင်ရန်နှင့်အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေး စနစ်တကျ ပြင်ဆင်ထားရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းညွှန်ကြား

 

D Day News

ဩဂုတ်လ ၂၁

 

မြို့သိမ်း၊ စခန်းသိမ်းပြီးနောက် ထိန်းထားနိုင်ရန်နှင့် အုပ်ချုပ်ရေးယန္တရားကောင်းမွန်စွာ လည်ပတ်နိုင် ရေး စနစ်တကျပြင်ဆင်ထားရန် လိုအပ်ကြောင်း NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင် သန်းက ပြောကြားသည်။

 

ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်း အဝေး အမှတ်စဉ်၊ (၂၃/၂၀၂၄) တွင် ၎င်းက ထည့်သွင်းပြောကြားကာ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

 

“စစ်ရေးအရ အောင်မြင်မှုတွေဖြစ်တဲ့ စခန်းတွေသိမ်းနိုင်၊ မြို့တွေ သိမ်းနိုင်ပြီးတဲ့ နောက်မှာ ဆက် လက် ထိန်းထားဖို့နဲ့ အုပ်ချုပ်‌ရေး ယန္တရားတွေ ပြန်လည် လည်ပတ်နိုင်ဖို့ ကိစ္စရပ်တွေအတွက် စနစ် တကျ ပြင်ဆင်ကြဖို့ လိုအပ်သလို ရှေ့မြို့တွေမှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ကောင်း မွန်တဲ့ သင်ခန်းစာတွေအဖြစ် ပြန်လည်အသုံးချနိုင်ဖို့လည်း အရေးကြီးကြောင်း မှာကြားလိုပါတယ်။ မြို့သိမ်းပြီး ထိန်းဖို့ စီမံကြရတဲ့ အရေးပေါ်အခြေအနေမျိုးမှာ အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့တွေကို ပါဝင်သင့်ပါဝင်ထိုက်သူတွေနဲ့ စနစ်တကျဖွဲ့စည်းပြီး တာဝန်များ ပေးအပ်ကာ အနီးကပ်စီမံ ကြီးကြပ် နိုင်ဖို့လည်း အင်မတန် အရေးကြီးပါတယ်။ ဝန်ကြီးဌာန တွေအချင်းချင်းကြားက ပေါင်းစပ်ညှိနှိုင်းမှု ယန္တရားကလည်း အဆင်ပြေပြေ လည်ပတ်နေဖို့ လိုအပ်မှာ ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီး ချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

လုံခြုံရေး၊ ဆက်သွယ်ရေးအခက်အခဲရှိသဖြင့် အရေးပေါ်အုပ်ချုပ်ရေးများကို စီမံခန့်ခွဲရတာသည်မှာ လွယ်ကူမည်မဟုတ်သော်လည်း ၃ နှစ်ခွဲကာလတလျှောက် အခက်အခဲများကျော်ဖြတ်ကာ လုပ် ဆောင်အောင်မြင်ခဲ့ပြီးဖြစ်သဖြင့် ယခုအခက်အခဲသည်လည်း ကျော်လွှားမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ထို့အပြင် လက်ရှိဖြတ်သန်းနေရသည့် အခြေအနေများနှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း က လည်း စိုးရိမ်ပူပန်မှုရှိသလို တော်လှန်ရေးအင်အားစုများအပေါ် ယုံကြည်မှု အားနည်းသည့် စကား များပြောဆိုနေကြသည်လည်းရှိကြောင်း အသိပေးထားသည်။

 

“စစ်‌ရေးအရ အားသာနေပေမယ့် တော်လှန်ရေးအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို ထိန်း နိုင်ပါ့ မလားဆိုတာမျိုး မေးမြန်းလာကြတာတွေလည်း ရှိပါတယ်။ သမိုင်းကြောင်းရှည်လျားပြီး တိုင်း ရင်းသားပေါင်းစုံ စုစည်းနေကြတဲ့ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအရညှိနှိုင်း ဆောင်ရွက် စရာတွေ များပြားပေမယ့် ပြည်သူကို မျက်နှာမူပြီး တော်လှန်ရေးခရီးကို ကိုယ့်လမ်းကိုယ်ဖောက် လျှောက် လာလိုက်ကြတာ ဒီကနေ့ ဒီခရီးကို ရောက်နေကြပြီမို့ ကျွန်တော်တို့ တိုင်းပြည်ကို ကျွန်တော်တို့ အကောင်းဆုံးအတူတကွ တည်ဆောက်နိုင်မယ်လို့ ခိုင်မာတဲ့ ယုံကြည်ချက်ရှိပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

နှစ်ပေါင်းများစွာ သွေးခွဲအုပ်ချုပ်ခဲ့မှုများ၏ ဆိုးပြစ်များကို ခံလာကြရပြီး ယခုအခါ စုစည်းမှုနှင့် အင် အားများကို ကောင်းကောင်း နားလည်လာကြသည့် တော်လှန်ရေးအင်အားစုတွေ အားလုံးက နိုင်ငံ ရေးအရ ကောင်းမွန်သည့် ညှိနှိုင်း ဆွေးနွေး အဖြေရှာမှုများနှင့်အတူဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုကို တည်ဆောက်သွာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က နိုင်ငံတကာ အသိုင်း အဝန်းထံ သတင်းစကားပါးထားသည်။

 

“နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေအားလုံးကို အသေအချာ မှာကြားလို တာကတော့ အရေးကြီးတဲ့ ဒီလိုအချိန်ကာလမှာ တော်လှန်ရေးအောင်နိုင်ရေးကိုပဲ အဓိက မျက်နှာမူပြီး တော်လှန် ရေးကို ထိထိရောက်ရောက် ဖြစ်စေမယ့် အရေးကြီးတဲ့ လုပ်ငန်းများကို အားစိုက်ဆောင်ရွက်ကြဖို့ အ ထူးမှာကြားလိုပါတယ်။ အောင်မြင်မှုနီးလာလေလေ ကျွန်တော် တို့စိတ်တွေ ယိမ်းယိုင်သွားစေနိုင်တဲ့ Issue တွေ ပေါ်ပေါက်လာတတ်တာမို့ ကိစ္စရပ်တိုင်းကို သတိကြီးကြီးနဲ့ စီမံဆောင်ရွက်သွားကြဖို့နဲ့ နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွားတွေကြားထဲ ပါးပါးနပ်နပ်နဲ့ ကိုယ့်နိုင်ငံအကျိုးစီးပွားကိုပဲရှေးရှု လျှောက် လှမ်းကြဖို့ အလေးအနက် မှာကြားရင်း နိဂုံးချုပ်အပ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *