Yesagyo News

0 0
Read Time:2 Minute, 15 Second

ပခုက္ကူနည်းပညာတက္ကသိုလ်ရှိ စစ်သားများကို ရော့ကတ်၊လက်နက်ကြီး အလုံး ၁၀၀ ခန့် ပစ်ခတ် တိုက်ခိုက် (ရုပ်သံ)

 

D Day News

ဩဂုတ် ၂၁

 

ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ရေစကြိုလမ်းမပေါ်ရှိ ပခုက္ကူ နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ရဲများကို ၆၀ မမ ၊ Rocket အလုံး ၁၀၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်က ပခုက္ကူမြို့နယ်၊ ပခုက္ကူ – ရေစကြိုလမ်းမပေါ် ပခုက္ကူ နည်းပညာတက္ကသိုလ်အတွင်းရှိ အကြမ်းဖက်စစ်သားများကို ၆၀ မမ ၊ Rocket ၊ လက်လုပ် ၆၀၊ ၈၀ မမ စသည်တိုဖြင့် အလုံး ၁၀၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက်စစ်သားမျးနေထိုင်ရာ ဘန်ကာများနှင့် အဆောက်အအုံများ တိုက်ရိုက်ထိမှန်ကာ ရဲ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရော့ကတ်တွေရော ၆၀ ၊ ၈၀ လက်လုပ်တွေရော အဆိုင်းတွေကလည်း အများကြီးနဲ့သွားပစ်ခဲ့တာ။ ကျနော့်ဆီက ၆၀ အစစ်က သူတို့နေတဲ့အဆောက်အဦနားကို ကွက်တိတစ်လုံးကျတယ်။ ရဲ ၂ ဦးက တော့ ထိခိုက်ဒဏ်ရာရရှိတယ်လို့ သတင်းရတယ်။ ဒီနေ့မှာ အင်အား ၂၀ လောက်ထပ်မံဖြည့်တင်း ထားတယ်၊ GTC ထဲမှာပေါ့” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြော ကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF ၊ MPL တိုက်နယ်၄ ပကဖ ၊ Gen-21 ၊ TKGF ၊ ရေဟင်္သာ လက်နက်ကြီး ၊ အညာမုန်တိုင်း ၊ Yesagyo Revolution Group (YRG) ၊ ပြည်သူ့အားမာန် ၊ King Cobra ၊ ဒေါင်းညီနောင် နှင့် ဒေါင်းစစ်သည်တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်က ၆၀ မမ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *