Taunggoo News

0 0
Read Time:3 Minute, 4 Second

တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၄ လုံး ထိမှန် ပေါက်ကွဲ

 

D Day News

ဩဂုတ်လ ၂၁

 

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက် ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ထိမှန်ပေါက်ကွဲခဲ့ကြောင်း Mountain Knights- Civilian Defense Force – MKCDF ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၂၀ ရက် ည ၁၁ နာရီ ၅၆ မိနစ်အချိန်က တောင်ငူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ ၏ တောင်ငူလေတပ် စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံး ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ လုံး အောင်မြင်စွာ ပစ်ခတ် နိုင်ခဲ့ပြီး စခန်းထိခိုက်ပျက်စီးမှု နှင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

Photo – ပုံဟောင်း

အဆိုပါ တိုက်ခိုက်မှုကို Mountain Knights Civilian Defense Force (MKCDF) အဖွဲ့သည် Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှု ဖြင့် ၊ Mercury Revolution Force (MRF) အဖွဲ့ ၊ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်များ အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တောင်ငူလေတပ်သည် ကရင်နီ ဒေသ၊ ကရင်ပြည်နယ်နှင့်ရှမ်းပြည် တောင်ပိုင်းရှိ ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများကို လေကြောင်းဖြင့် တိုက်ခိုက်ရာတွင် အဓိက အသုံးပြုသည့် လေ တပ်စခန်းဖြစ်ကြောင်း သိရသည်။

 

ယခုအချိန်၌ တော်လှန်ရေးတွင်ပါဝင်သည့် အဖွဲ့အားလုံးသည် စစ်ရှုံးကောင်စီကို ကျရာနေရာမှ တွန်း လှန်ပါဝင်ကြရမည့် အချိန်ဖြစ်သည့်အတွက် MKCDF အဖွဲ့အနေဖြင့် နိုင်ငံတဝန်းလုံးရှိ တော်လှန်ရေး ညီအစ်ကို မောင်နှမ များနှင့် အတူ တော်လှန်ရေးတွင် ပါဝင်အားဖြည့်သော အားဖြင့် တောင်ငူလေ တပ် စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

တောင်ငူလေတပ်စခန်းကို အောင်မြင်စွာ ဖော်ဆောင်ရန် စနစ်တကျ စီမံပေးသော BWM အဖွဲ့နှင့် အခန်းကဏ္ဍအသီးသီးမှ ကူညီကြသော မြေပြင်တော်လှန်ရေး မိတ်ဖက်အဖွဲ့အားလုံးကို MKCDF အဖွဲ့ မှ အထူးကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် မစ်ရှင်အတွက် လိုအပ်သောအသေးစိတ်သတင်း အချက် လက် တို့ကို ပေးပို့သော တောင်ငူလေတပ်မှ တာဝန်သိ စစ်ကောင်စီတပ်သားများကိုလည်း ကျေးဇူး တင်ပါကြောင်း ထုတ်ပြန်ထားသည်။

 

မြို့ပြချီတက် MKCDF အဖြစ် ရှေ့ဆက် မစ်ရှင်များဖော်ဆောင်နိုင်ရန် လဲ ပြည်သူများ ဝန်းရံပေးကြပါ ရန် ဆက်လက် တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *