Taung Tha News

0 0
Read Time:2 Minute, 28 Second

တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာ စစ်တပ်ဂိတ်စခန်းကို မီးရှို့ဖျက်ဆီးပြီးပြန်လာစဉ် ကင်းလှည့် စစ်သား၊ ရဲများနှင့်တိုက်ပွဲဖြစ်ပြီး ခဲယမ်းအချို့သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၂၀

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာအကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို သွားရောက် မီးရှို့ပြီး ပြန်လာစဉ် အကြမ်းဖက်စစ်သား၊ ရဲများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပြီး ခဲယမ်းအချို့သိမ်းဆည်း ရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း MDA – 3 Taungtha Youth ထံမှ သိရသည်။

 

ဩဂုတ်လ ၁၈ ရက်နေ့က တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာ၌ ဂိတ်ချတပ်စွဲထားသော အကြမ်း ဖက်စစ်သား၊ ရဲများသည် စခန်းစွန့်ခွာသွားသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ စစ်တပ်ဂိတ်စခန်းကို မီးရှို့ဖျက်ဆီးပြီး ပြန်လာစဉ် ဇဂျမ်း ကျေးရွာ တောင်ဘက်၌ ကင်းပတ်နေသော စစ်သား၊ ရဲများနှင့် ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ပစ်ခတ်တိုက် ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

“ဂိတ်စခန်းက စခတွေ စခန်းစွန့်သွားလို့ မီးသွားရှို့ခဲ့တာ၊ အပြန်မှာ ဇဂျမ်းရဲစခန်းကနေ ကင်းပတ် လာခဲ့ စကစတွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။ အပြန်အလှန်ပစ်ခတ်မှုက ၁၅ မိနစ် လောက်ပဲ ကြာမယ်။ ခွေးပြေး၊ ဝက်ပြေးထွက်ပြေးကြလို့ ကျကျန်ခဲ့တဲ့ ပစ္စည်းတချို့ကို ကောက်ယူ သိမ်းဆည်းနိုင်ခဲ့တာပါ၊ ထိခိုက်သေဆုံးမှုကတော့ အသိရသေးပါဘူး။ ဆိုင်ကယ်တွေနဲ့ ပြန်ပြေးသွား ကြတာ” ဟု မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း MDA – 3 Taungtha Youth မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်သား၊ ရဲများ ထွက်ပြေးသွားစဉ် ခဲယမ်းအချို့နှင့် ငွေကျပ် ၅ သောင်း ကျကျန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရရှိခဲ့ကြောင်း၊ အဆိုပါ လုပ်ဆောင်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *