ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ Sewell Garment (Myanmar) အထည်ချုပ်စက်ရုံ မီးလောင်
D Day News
ဩဂုတ်လ ၂၀
ရန်ကုန်မြို့၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ငွေပင်လယ် ၂ လမ်းသွယ်၊ အကွက်အမှတ် ၁၇ ရှိ Sewell Garment (Myanmar) အထည်ချုပ်စက်ရုံ မီးလောင်ခဲ့ပြီး ကျပ်သိန်း ၆၀၀ ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၈ ရက် နံနက်အစောပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ငွေပင်လယ်(၂)လမ်း၊ အကွက် အမှတ် (၁၇)ရှိ အသက် ၅၆ နှစ်အရွယ် ထိုင်၀မ်နိုင်ငံသား Mr.Tsai Thung Ming ပိုင်ဆိုင်သည့် အကျယ် အဝန်း (၁၁၀x၂၂၀)ပေ Steel Structure (၁)ထပ် SEWELL Garment (Myanmar) Industrial Co.,Ltd (အထည်ချုပ်)စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ (၁၁၀× ၂၂၀) ပေ၊ Steel Structure (၁) ထပ် မီးလောင်ဆုံးရှုံးခဲ့သည့်အပြင် အတွင်းပစ္စည်း ပိတ်လိပ် (၁၅၀) လိပ် ချည်လုံး(၂၅)လုံး ပါ စက္ကူပုံး (၂၀၀)ပုံး /အထည်နှင့်ဆက်စပ်ပစ္စည်း များ/ပိတ်ဖြတ်စက် (၃)လုံး တို့မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့်အဆောက်အဦ နှင့်အတွင်းပစ္စည်းစုစုပေါင်းဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းခြောက်ရာ ကိုးဆယ်ခန့်ရှိကြောင်း၊ မီးလောင်မှုအကြောင်းအရင်းမှာ CCTV မှတ်တမ်းအရ ရုံးဆင်းချိန်တွင် စကား ပြန်ရုံးခန်း အတွင်းရှိ ပြင်ဆင်ပြီး Aircon အား ပိတ်ခဲ့သော်လည်း Safe Guard ပိတ်ရန်မေ့လျော့ခဲ့ရာ က Safe Guard အပူလွန်ကဲကာ စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် (၂၁)စီး၊ ရေသယ်ယာဉ်(၁၈)စီး၊ အထောက်အကူပြုယာဉ် (၅)စီး၊ အုပ်ချုပ်မှုယာဉ်(၅)စီး မီးသတ်တပ်ဖွဲ့ဝင်သန္ဓေ (၂၆၂)ဦး ၊ အရန် (၉၅)ဦးတို့ဖြင့်ငြိမ်းသတ်ရာ
နံနက်၂ နာရီ၂၂မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယင်းအထည်ချုပ်စက်ရုံမီးလောင်မှုနှင့်ပတ်သက်၍ အထည်ချုပ်စက်ရုံမှ အသက် ၆၂ နှစ် အရွယ် စကားပြန် ဒေါ်ခင်ခင်ဆွေကို လှိုင်သာယာအနောက်ပိုင်းမြို့မရဲစခန်းမှ (ပ) ၁၁၆၀/၂၀၂၄ ပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
D Day News