Ngazun News

0 0
Read Time:3 Minute, 8 Second

ငါမြာကြီး ရဲစခန်းကို သိမ်းပိုက်မှု စစ်သား ၁၀ ဦးခန့်သေဆုံး၊ စစ်သုံ့ပန်း ၇ ဦးနှင့်အတူ စက်လက် ၁ လက် အပါအဝင် လက်နက် ၁၀ သိမ်းဆည်းရရှိ

 

ရန်ကုန်၊ ဩဂုတ် ၁၉

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား၊ ရဲ ၁၀ ဦးခန့် သေဆုံးပြီး စစ်သုံ့ပန်း ၇ ဦးနှင့် အတူ စက်လက်တစ်လက်အပါအဝင် လက်နက် ၁၀ လက်သိမ်း ဆည်းရရှိခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ထံမှ သိရ သည်။

 

ယနေ့ဩဂုတ်လ ၁၉ ရက် နံနက် ၄ နာရီမှစတင်၍ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးမြို့တွင် အခြေစိုက် ထားသော နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီအချိန်တွင် အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ ထိုသို့ သိမ်းပိုက်မှုအတွင်း စစ်သုံ့ပန်း အမျိုးသား ၅ ဦး ၊ အမျိုးသမီး ၂ ဦး နှင့် အခြားစစ်လက်နက်သုံးပစ္စည်းများဖြစ်ကြသော ဖရင်းဂန်းဘောက် ၆ ဘောက်၊ ဖရင်းဂန်းစက်လက် ၁ လက်၊ဂျီသရီး ၅ လက်၊ရိုင်ဖယ် တစ်လက်၊ ဂျီသရီးဘောက် ခုနှစ်ဘောက်၊ လက်ပစ်ဗုံးတစ်လုံး၊အူစီ ၂ လက် ၊ ပစ်စတို ၁ လက်၊ G 3 ကျည် နှင့် ဖရင်းဂန်းကျည် ၅၀၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြာင်း သိရ သည်။

“စခန်းမှာ အင်အား ၁၀ လောက်ပဲရှိတာ၊ ဝင်တိုက်တဲ့အချိန်မှာ ၁၀ ထွက်ပြေးတဲ့သူတွေလည်းရှိတယ်၊ သေဆုံးမှုကတော့ ၁၀ ဦးလောက်ရှိတယ်၊ သုံ့ပန်း ၇ ဦးနဲ့ လက်နက် ၁၀ လက်ရခဲ့တယ်၊ စခန်းကို မီးရှို့ ဖျက်စီးပြီးအားလုံးပြန်လာပြီ။ စစ်ကူကတော့ လေကြောင်းရော၊ ရေကြောင်းက တောက်လျှောက်လာ တယ်။ မြေပြင်စစ်ကူလာတာကိုတော့ ဒေသခံအဖွဲ့တွေက မိုင်းခွဲဖြတ်တောက်မှုလုပ်ပေးပါတယ်” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM မှ တိုက်ခိုက် ရေးတာဝန်ခံ ဗိုလ် စင်္ကြာက ပြောကြားသည်။

 

ငါန်းမြာကြီးရဲစခန်းမှ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းအမျိုးသား (၅) ၊ အမျိုးသမီး (၂) ဦး တို့ကို သက်ဆိုင် ရာ သို့အပ်နှံနိုင်ရန် ချိတ်ဆက်ထားပြီး လိုအပ်သော ​နေရာထိုင်ခင်း၊ အစားအသောက် နှင့် ကျန်းမာ ရေးစောင့်ရှောက်မှုများကို စီစဥ်ဆောင်ရွက်ပေးထားကာ ယာယီထိန်းသိမ်းပေးထားကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြောင်အမျိုးသမီးစစ်သည်တော်များအဖွဲ့၊ မြောင်မြို့နယ်ပြည်သူ့ ကာကွယ် ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ၊ မြင်းခြံခရိုင် တပ်ရင်း (၅) ၊ မြင်းခြံဟီးရိုး ၊ ငန်းနက်အဖွဲ့နှင့် Black Tiger အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *