ကျည်လွဲအဆောင်၊ လက်ပစ်ဗုံးကိုင်ဆောင်ကာ ကျေးရွာနေပြည်သူများကို စစ်မှုထမ်းရန်စာရင်း ကောက်ခံခြင်း၊ ကျေးရွာချင်းဆက်ပိုင်းများ ဦးဆောင်ဖျက်ဆီးခြင်းတို့ လုပ်ဆောင်နေသည့် နှောကုန်း ရွာအုပ်ချုပ်ရေးမှူး အောင်ဝင်း ပစ်ခတ်ခံရပြီးသေဆုံး
D Day News
ဩဂုတ်လ ၁၉
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ နှောကုန်းကျေးရွာအုပ်စုတွင် ကျည်လွဲအဆောင်၊ လက်ပစ်ဗုံးတို့ကိုင် ဆောင်ကာ ကျေးရွာနေပြည်သူများကို စစ်မှုထမ်းရန် အတင်းအဓမ္မစာရင်းကောက်ခံခြင်း၊ ကျေးရွာ ချက်လမ်းပိုင်းများကို ဖျက်ဆီးခြင်းတို့ လုပ်ဆောင်နေသည့် အုပ်ချုပ်ရေးမှူးအောင်ဝင်းကို ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း မြေအောက်ပြောက်ကျား တပ်ဖွဲ့ (အုတ်ဖို)ထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၁၉ ရက် နံနက် ၆ နာရီ ၂၇ မိနစ်က အုတ်ဖိုမြို့နယ်၊ နှောကုန်းအုပ်စု အုပ်ချုပ်ရေး မှူးအောင်ဝင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ရဲဘော်များမှ ၄င်းနေထိုင်သည့် အုန်းပင်စုကျေးရွာ လမ်းမ ဘေး၌ သေနတ်ကျည် ၃ ချက် ပစ်ခတ်၍ ရှင်းလင်းလိုက်ရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။
ထိုသို့ ရှင်းလင်းပြီးနောက် သေဆုံးသူ အောင်ဝင်းထံမှ လက်ပစ်ဗုံး ၁ လုံး၊ ကျည်လွဲအဆောင် ၁ ခု၊ မှတ်ပုံတင် ၁ ခု၊ စစ်မှုထမ်းထောက်ပံငွေ ကောက်ခံသည့် စာရင်းစာအုပ်တို့အား သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး အောင်ဝင်းသည် စစ်ကောင်စီထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး တော်လှန်ရေးတပ် ဖွဲ့များ သွားလာနေသည့် လမ်းများဟုဆိုကာ ပြည်သူများ အသုံးပြုနေသည့် ကျေးရွာချင်း ဆက်လမ်း များကို ဘူဒိုဇာဖြင့် ဖျက်ဆီးခိုင်းခြင်း၊ တော်လှန်ရေး တပ်ဖွဲ့များနှင့် PDFရဲဘော်များ၏ အချက်အ လက်များအား အကြမ်းဖက်စစ်တပ်ထံ ထောက်လှမ်းသတင်းပို့ ခြင်း၊ အကြမ်းဖက်စစ်တပ် အလိုကျ ပြည်သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေး ခြင်းနှင့် ငွေကြေးကောက်ခံ ပေးခြင်း၊ အကြမ်းဖက်စစ်သားများက ထုတ်ပေးထားသည့် လက်ပစ်ဗုံးပြ၍ ကျေးရွာနေ ပြည်သူလူထု အပေါ် ဖိနှိပ်ဒုက္ခပေးနေသဖြင့် အရေးယူလိုက်ရခြင်းဖြစ်ကြောင်း မြေအောက်ပြောက်ကျား တပ်ဖွဲ့ (အုတ်ဖို)က ထုတ်ပြန်ထားသည်။
D Day News