CDM News

0 0
Read Time:1 Minute, 10 Second

ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ တပ်ရင်းမှ တပ်သားတစ်ဦးလည်း လက်နက်ခဲယမ်းများ နှင့်အတူ အလင်းဝင်၊ CNO/CNDF က ငွေကျပ် သိန်း ၆၀ ဂုဏ်ပြုချီးမြှင့်

 

D Day News

ဩဂုတ်လ ၁၉

 

ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၈ တပ်ရင်းမှ တပ်သား တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း CNO/CNDF သတင်းနှင့်ပြန်ကြား ရေးဌာနထံက သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့က ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၆၈ ခြေလျင် တပ် ရင်းမှ တပ်သား ဇင်မျိုးအောင် သည် CNO/CNDF ထံသို့ ဆက်သွယ်ကာ MA-1 အမျိူးအစား သေနတ် ၁ လက်၊ ကျည်ဆံ အတောင့် ၁၅၀ ၊ အီနာဂါဗုံးသီး ၄ လုံး တို့နှင့်အတူ အလင်းဝင် ရောက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာခဲ့သည့် တပ်သား ဇင်မျိုးအောင်ကို ချင်းအမျိုး သားအဖွဲ့ချုပ် CNO/CNDF မှ ဂုဏ်ပြုငွေ ကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *