AA News

0 0
Read Time:9 Minute, 40 Second

မောင်တောမြိုသိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး သတင်းတု၊ သတင်းမှားများဖြင့် ပြောဆို၊ ရေး သားနေမှုသည် လူမျိုးစုနှစ်စုကြား သဟဇာတဖြစ်မှုကို ထိခိုက်ဟု AA အသိပေး

 

  • မောင်တောမြို့ပိတ်မိနေသော ပြည်သူ ၂ သောင်းကျော်ကို ကယ်ထုတ်ထားပြီး ကျန်ရှိနေနေသူများ ကိုလည်း တိုက်ပွဲကြားမှ ဆက်လက် ကယ်ထုတ်နေရ

 

D Day News

ဩဂုတ်လ ၁၉

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းနေထန်နေပြီး သတင်းတု၊ သတင်းမှား များ ပြောဆိုရေးသားနေမှုသည် လူမျိုးစုနှစ်စုကြား သဇာတဖြစ်မှုကို ထိခိုက်ကြောင်းနှင့် မောင်တော မြို့အတွင်းပိတ်နေနေသောမောင်တောမြို့နေပြည်သူ ၂ သောင်းကျော်ကို ကယ်ထုတ်ထားပြီးဖြစ် ကြောင်း ရခိုင့်တပ်တော် -AA က ထုတ်ပြန်သည်။

 

ဇွန်လ ၁၆ ရက်နေ့တွင် မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန်အတွက် မြို့နေပြည်သူများ မောင်တော မြို့မှ ထွက်ခွာကြရန် အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ရာ လိုက်နာ၍ မြို့ထဲမှ ထွက်ခွာကြသူများရှိသ လို့ လိုက်နာမှုမရှိပဲ ဆက်လက်နေထိုင်ကြသူများလည်းရှိကြောင်း သိရသည်။

 

ထိုသို့ လိုက်နာမှုမရှိသည့် အုပ်စုကို ခွဲခြမ်းကြည့်ရာ-

 

(၁) ဖက်ဆစ် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ လက်သပ်မွေးထားသူများ၊

(၂) ဖက်ဆစ် စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသော လက်နက်ကိုင်မူ ဆလင်အကြမ်းဖက် အုပ်စုများ၊

(၃) ARSA ၊ RSO ၊ ARA အစရှိသော အကြမ်းဖက်အဖွဲအစည်းများ။

(၄) အထက်ဖော်ပြပါ အဖွဲအစည်း၊ လူပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်နွယ်နေသော မိသားစုဝင်များ၊

(၅) ဖက်ဆစ်စစ်ကောင်စီ နှင့် ARSA ၊ RSO ၊ ARA အစရှိသော ဘာသာရေးအစွန်းရောက် အကြမ်း ဖက် အဖွဲအစည်းများမှ လူသားဒိုင်းကာအဖြစ် အသုံးပြုရန် အတင်းအဓမ္မ ခေါ်ယူထားသော မောင် တောဒေသခံ ပြည်သူလူထုများ နှင့်

(၆) ပေကပ်နေထိုင်လိုကြသော သူများ စသည့်အုပ်စုများအဖြစ် တွေ့ရှိရသည်ဟုဆိုသည်။

 

မောင်တောမြို့တစ်မြို့လုံးကို အဆင့်ဆင့်သော ခုခံစစ်များဖြင့် ပြင်ဆင်ထားသော အကြမ်းဖက်စစ် သားများသည် မောင်တောမြို့၏ ရပ်ကွက် (၁)၊ ရပ်ကွက် (၂)၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ ကညင် တန်း ရပ်ကွက် အစရှိသည့် ရပ်ကွက်များအတွင်းရှိ စစ်ရေးအရ အရေးပါပြီး အချက်အချာကျသော အထပ်မြင့် အဆောက်အအုံများ၊ တိုက်တာအိုးအိမ်များ၊ စာသင်ကျောင်းများ အပါအဝင် အခြားသော နေရာများအား ၎င်းတို့၏ စစ်စခန်းများ အဖြစ် အသုံးပြုကာ ခုခံစစ်ကိုဆင်နွှဲလျက်ရှိကြောင်း သိရ သည်။

ထိုအတူ မောင်တောမြို့အတွင်းသို့ ဆက်သွယ်ထားသော တံတားများထဲ၌ “ရွှေဇားတံတား”မှလွဲ၍ တံတားအားလုံးကို ဖောက်ခွဲ ဖျက်ဆီးထားခဲ့ပြီး ရွှေဇားတံတားအား ဖောက်ခွဲဖျက်စီးရန်ပြင်ဆင်နေ စဉ် AA မှ တိုက်ခိုက်နိုင်ခဲ့သောကြောင့် မပျက်စီးဘဲ ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အာရက္ခတပ်တော် – AA သည် မောင်တောမြို့အား ဝိုင်းရံပိတ်ဆိုဖြတ်တောက်ထားသည်မှာ ကာလ အတန်ကြာခဲ့ပြီးနောက် ဩဂုတ်လ ၄ နေ့တွင် မောင်တောမြို့၏ မြောက်ဘက်ရှိ “ဟော်ရီတူလာရွာ” နှင့် တောင်ဘက်ရှိ “မောင်နီရွာ” တို့၌ တပ်စွဲစခန်းချထားသော စစ်ကောင်စီ၏ စစ်စခန်းနှစ်ခုအား စတင်တိုက်ခိုက်ခဲ့ကာ မောင်တောမြို့သိမ်းတိုက်ပွဲအဖြစ် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ စတင်ပြီးနောက် မောင်နီရွာရှိ စစ်ကောင်စီ၏ ရဲစခန်းကို ဩဂုတ်လ ၄ ရက်နေ့၌ပင် သိမ်းပိုက် ရရှိခဲ့ပြီး ဟော်ရီတူလာရွာရှိ စစ်ကောင်စီ၏စခန်းကို သြဂုတ် ၆ ရက်နေ့တွင် သိမ်းပိုက်ရယူနိုင်ခဲ့ ကြောင်း၊ အလားတူ မောင်တောမြို့၊ ၃ မိုင် ကိုလည်း ဇူလိုင်လ ၉ နေ့ကတည်းကတွင် သိမ်းပိုက်ရယူ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မောင်တောမြို့ နေရာအနှံ့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ဩဂုတ်လ ၄ ရက်နေ့မှစ၍ AA တပ်မှ အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မြို့တွင်းတိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းခံနေရသော မောင်တောဒေသခံ ပြည်သူနှစ် သောင်း ၂၀၀၀၀ နီးပါးအား အာရက္ခတပ်တော်မှ မြို့တွင်းတိုက်ပွဲများကြား၌ ကယ်ထုတ်ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ကယ်ထုတ်လာနိုင်သော သူများထဲတွင် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ဝန်ထမ်းများ၊ မိသားစုဝင်များ ပါဝင်ခဲ့ကြောင်း၊ အာရက္ခတပ်တော် -AA အနေဖြင့် မောင်တောမြို့အတွင်း ပိတ် မိနေသောသူများကို ဆက်လက်ကယ်တင်နိုင်ရန် တိုက်ပွဲများကြားထဲမှ ဆက်လက် ကြိုးပမ်းလျက်ရှိ ကြောင်း အသိပေးထားသည်။

 

မောင်တောမြို့သိမ်းတိုက်ပွဲသည် နေ့တိုင်းဖြစ်ပွားလျက်ရှိပြီး အာရက္ခတပ်တော် – AA အနေဖြင့် မောင်တောမြို့ထဲရှိ အကြမ်းဖက်စစ်သားအချို့ကို ချေမှုန်းထားနိုင်သည့်အပြင် စစ်တပ်စခန်း အချို့ကို လည်း သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

 

မောင်တောမြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ခုပြီးတစ်ခု လိုက်လံရှင်းလင်းနေစဉ် ဩ ဂုတ်လ ၁၅ ရက် ညနေ ၄ နာရီခန့်က မောင်တောမြို့ ၊အမှတ် ၂ ရပ်ကွက်၊ အထက ၂ ကျောင်း အနီး လူနေအိမ်တစ်ခုအတွင်း စခန်းချနေရာယူထားသော အကြမ်းဖက်စစ်ကောင်စီ သင်တန်းဆင်း အ စွန်းရောက် မူဆလင်လက်နက်ကိုင်အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲသည် မိနစ် ၄၀ ခန့်အပြန်အလှန် ပစ်ခတ်တိုက်မှုဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ ဆင်းမူဆလင်များတပ်စွဲနေထိုင်ရာ အဆောက်အအုံမှာ လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်ပျက်စီးခဲ့ ကြောင်း၊ အကြမ်းဖက် မူဆလင်များကလည်း ၎င်းတို့စခန်းရာနေအိမ်အပါအဝင် ပြည်သူ့နေအိမ် ၅ လုံးကို မီးရှို့ထွက်ပြေးသွားကြောင်း သိရသည်။

 

ဤတိုက်ပွဲအတွင်း မီးလောင်၍ သေဆုံးနေသော မူဆလင်လက်နက်ကိုင် အကြမ်းဖက်သမား အ လောင်း (၂) လောင်းနှင့် လက်နက်ခဲယမ်းအချို့ကို မီးလောင်နေသော အိမ်အတွင်းမှ  သိမ်းဆည်းရ ရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

 

ဩဂုတ်လ ၁၆ ရက်နေ့၌လည်း မောင်တောမြို့တွင်း၊ မောင်တောနာရီစင်နှင့် ၎င်းအနီး ပတ်ဝန်းကျင်၊ မောင်တောမြို့၏ အရှေ့တောင်ဘက်နှင့် မောင်တောမြို့အဝင် စသည့်နေရာများ၌ တိုက်ပွဲများ ဆက် လက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား အလောင်း အမြောက်အများနှင့် လက်နက်ခဲယမ်းအချို့ ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်နှင့်တစ်ပြိုင်နက် နိုင်ငံတကာရောက် လူ့ အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တချို့က သတင်းတု၊ သတင်းမှားများဖြင့် စွပ်စွဲပြောဆို ရေးသားနေ ကြသည်များကို ဆက်တိုက်တွေ့ရှိနေရကြောင်း၊ ဤကဲ့သို သတင်းတု၊ သတင်းမှားများ ရေးသား ပြောဆိုနေခြင်းသည် အာရက္ခဒေသအတွင်း လူမျိုးနှစ်ခုအကြား သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင် ကြောင်း ရခိုင့်တပ်တော် -AA က အလေးအနက် သတိပေးထးသည်။

 

လက်ရှိအချိန်အထိ မောင်တောမြို့တွင်းတိုက်ပွဲများမှာ မြို့တွင်းနေရာအနှံ၌ ဖြစ်ပွားလျက်ရှိပြီး မြို့ တွင်း၌ ဖက်ဆစ်စစ်ကောင်စီ နှင့် ARSA ၊ RSO ၊ ARA အစရှိသော ဘာသာရေးအစွန်းရောက် အကြမ်း ဖက် အဖွဲအစည်းများ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုရန်ခေါ်ယူထားသော မောင်တောဒေသခံ ပြည် သူအချို့တို့မှာလည်း ရှိနေဆဲဖြစ်ပြီး အဆိုပါ ပြည်သူများကို နေ့စဉ်နှင့်အမျှ ကယ်ထုတ်နေရဆဲ ပင် ဖြစ်ကြောင်း သိရသည်။

 

ခေတ်ကာလအဆက်ဆက်၌ အာရက္ခဒေသအတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်း၊ အကြမ်းဖက် ကိစ္စ ရပ်များ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ၏ အဓိက လက်သည်တရားခံများမှာ စစ်အစိုးရအဆက် ဆက် နှင့် မြန်မာ့တပ်မတော် တစ်ဖြစ်လဲ ဖက်ဆစ်စစ်ကောင်စီပင်ဖြစ်ပြီး စစ်ကောင်စီ၏ ရည်ရွယ် ချက် ရှိရှိ လုပ်ဆောင်ချက်များနှင့်အတူ ARSA ၊ RSO ၊ ARA ဘာသာရေး အစွန်းရောက် အကြမ်းဖက် အဖွဲ့ များကပါ အလိုတူအလိုပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော လုပ်ဆောင်ချက်များဖြစ်ကြောင်း ရခိုင်တပ်တော် – AA က ပြောဆိုထားသည်။

 

မောင်တောမြိုသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ နောက်ဆုံးရသတင်းများကို ဆက်လက်တင်ပေးသွား မည် ဖြစ်ကြောင်း ရခိုင့်တပ်တော် -AA ကသတင်းထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *