CDM News

0 0
Read Time:2 Minute, 32 Second

PDF ထဲဝင်ရောက်ရန် သွားရောက်ချိန် ဖုန်းစစ်ဆေးဖမ်းဆီးခံရပြီး ရဲတပ်ဖွဲ့အတွင်း ရောက်ရှိသွားသူ မျိုးချစ်သူက လက်နက်ခဲယမ်းယူဆောင်ပြီး တောင်သာ PDF ထံအလင်းဝင်

 

D Day News

ဩဂုတ်လ ၁၈

 

PDF တပ်ဖွဲ့အတွင်းဝင်ရောက်ရန် ကရင်ပြည်နယ်ဘက်သို့ သွားရောက်စဉ် ဖုန်းစစ်ဆေးခံရပြီး ဖမ်းဆီးခံရကာ ရဲတပ်ဖွဲ့အတွင်း မတရားသွပ်သွင်းခံရသည့် မျိုးချစ်သူသည် လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်ရောက်လာခဲ့ကြောင်း တောင်သာ PDF ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းက မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း တာဝန်ထမ်း ဆောင်ရန် ပို့ဆောင်ခြင်းခံရသည့် ရဲတပ်သား မျိုးချစ်သူသည် တောင်သာမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံ ဆက်သွယ်ကာ (G-3) အမျိုးအစား သေနတ်တစ်လက်၊ ကျည်အတောင့် (၁၅၀) ၊ လက် ပစ်ဗုံး ၁ လုံးနှင့် အတူ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သည့် ရဲတပ်သား မျိုးချစ်သူကို တောင်သာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ကျပ်သိန်း ၅၀ ချီးမြင့်ပေးခဲ့ကြောင်း သတင်းထုတ်ပြန် ထားသည်။

 

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သည့် ရဲတပ်သား မျိုးချစ်သူသည် လွန်ခဲ့သည့် တစ် နှစ်ခွဲခန့်က PDF တပ်ဖွဲ့ထဲဝင်ရောက်ရန် သပိတ်ကျင်းမြို့နယ်မှ မြဝတီဘက်သို့ထွက်လာစဉ် ကား ပေါ်၌ စစ်ကောင်စီတပ်သားများက ဖုန်းစစ်ဆေးပြီး PDF တပ်ဖွဲ့နှင့်အဆက်အသွယ်ရှိသည်ဟု အကြောင်းပြကာ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးပြီးနောက် ထောင်ကျခံမလား ရဲထဲ ဝင်မလားဟု မေးမြန်းသဖြင့် ရဲထဲရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ရဲတပ်ဖွဲ့အတွင်း သွပ်သွင်းခံရပြီးနောက် ရန်ကုန်မြို့ အမှတ် ၅ ရဲတပ်ရင်း (မှော်ဘီ)တွင် တာဝန် ကျကာ ယင်းမှတဆင့် တောင်သာမြို့နယ်အတွင်းသို့ တာဝန်ပေးခြင်းခံရကာတောင်သာမြို့နယ်ပြည် သူ့ကာကွယ်ရေးအဖွဲ့နှင့်ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *