Taung Tha News

0 0
Read Time:3 Minute, 10 Second

တောင်သာမြို့မရဲစခန်း၊ ဝဲလောင်ရဲစခန်းပါ နေရာ ၄ ခုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား၊ ရဲ ၄ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၇

 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာမြို့မရဲစခန်း၊ ဝဲလောင်ရဲစခန်းအပါအဝင် နေရာ ၄ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ – TTA ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၁၇ နေ့တွင် တောင်သာမြို့နယ်၊ ဝဲလောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း တိတိကျကျ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ ထိခိုက် သေဆုံးမှု သိရှိရခြင်းမရှိသေးကြောင်း၊ ရဲစခန်းအတွင်းရှိ ရဲများမှာ အပြင်မထွက်ရဲပဲ ရဲစခန်းအတွင်းမှ ရမ်းသမ်းပစ်ခတ်မှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၁၃ ရက်နေ့က တောင်သာမြို့နယ်၊ ရုံးစဉ်ကြီးတိုက်နယ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၈ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်းရှိ ဘန်ကာတအတွင်း တိတိကျကျ ကျရောက်ပေါက် ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ထိုသို့ အထိနာသော အကြမ်းဖက်စစ်သား၊ ရဲများသည် ရဲစခန်းအတွင်းထံ၌ မနေရဲတော့ပဲ အပြင် ထွက်နေကြကာ အကြမ်းဖက်စစ်တပ်အရာရှိ ဗိုလ်မှူး အာကာလွှမ်းမိုးမှ လေကြောင်းပစ်ကူပေးရန် ခေါ်ခဲ့ရာ Mi 35 ရဟတ်ယာဉ်ဖြင့် ၈ ကြိမ်ပတ်ဝဲပျံသန်းကာ ပစ်ခတ်မှုရှိခဲ့ကြောင်း၊ သို့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဩဂုတ်လ ၁၁ ရက်နေ့က တောင်သာမြို့နယ်၊ တောင်သာမြို့မြို့မရဲစခန်းနှင့် မကျီးရိုးဂိတ် စခန်းကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ပြီးအတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှိုကု  Myingyan District Special Operation(MDSO) မြင်းခြံခရိုင် အထူးစစ်ဆင် ရေးအဖြစ် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အ ကြမ်း ဖက်စစ်ကောင်စီတပ်စခန်းများကို နေစဥ်နှင့်အမျှ တိုက်ခိုက်လျက်ရှိရာ ခဲယမ်းလိုအပ်ချက်များ ဖြစ်ပေါ်နေသဖြင့် မိဘပြည်သူများများက တတ်နိုင်သည့်အင်အားဖြင့် ဝိုင်းဝန်းပါဝင်ပေးပါကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *