Pakokku News

0 0
Read Time:2 Minute, 10 Second

ပခုက္ကူမြို့ သုဿန်အနီး စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးဒဏ်ရာဖြင့်ထွက်ပြေး၊ ဂိတ်စခန်းကို ရှင်းလင်းစဉ် သေနတ် ၁ လက်နှင့် စစ်အသုံးအဆောင်အချို့ သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၁၇

 

မကွေးတိုင်း၊ ပခုက္ကူမြို့ သုဿန်အနီး အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးဒဏ်ရာဖြင့်ထွက်ပြေးသွားပြီး ဂိတ်စခန်းကို ဝင်ရောက်ရှင်းလင်းစဉ် သေ နတ် ၁ လက်နှင့် စစ်အသုံးအဆောင်အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PPDF)ထံမှ သိရသည်။

 

ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက် ၁၀ နာရီခန့်က ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့ သုသာန်အနီးရှိ အကြမ်း ဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား ၃ ဦး ကျည်ထိမှန်ကာ ဒဏ်ရာဖြင့် ထွက်ပြေးသွားပြီး သေဆုံးမှု ရှိ၊ မရှိသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်သားများ ထွက်ပြေးသွားပြီးနောက် ဂိတ်စခန်းအတွင်းဝင်ရောက်ရှင်းလင်းခဲ့ရာ AK အမျိုးအစား သေနတ် ၁ လက်၊ AK ကျည်ဘောက် ၁ ဘောက် ၊ Icon ၃ လုံးနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) နှင့်အတူ မဟာမိတ် အဖွဲ့ များဖြစ်သော ပခုက္ကူမြို့နယ် ပ.က.ဖ တပ်ခွဲ (၁) တပ်စိပ် (၁) ၊ Burma Revolution Rangers (B.R.R) ၊ Royal Defense Force (R.D.F) ၊ ဒေါင်းစစ်သည်၊ မြိုင် ပ.က.ဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *