ပေါင်းတည်၊သစ်ပုတ်တာဝါတိုင်စခန်းကို အင်အားဖြည့်လာသည့် စစ်ကြောင်းကိုတိုက်ခိုက်မှု စစ်သား ၁၄ ဦးသေဆုံး (ရုပ်သံ)
D Day News
ဩဂုတ်လ ၁၇
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်တာဝါတိုင်အထိုင်စခန်းကို အင်အား ဖြည့်တင်းရန် ထွက်လာ သော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၄ ဦးသေဆုံးခဲ့ကြောင်း ၃၆၀၁ PPDF တပ် ရင်းထံမှ သိရသည်။
ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် သစ်ပုတ်တာဝါတိုင်အထိုင်စခန်းကို အင် အား ဖြည့်ရန် မှတ္တိုင်ဘက်မှထွက်ခွာလာသော အင်အား ၂၆ ဦးပါ အကြမ်းဖက် စစ်ကောင်စီ စစ် ကြောင်းကို ညောင်နီပင်ရွာနှင့် သစ်ပုတ်ရွာ အကြားအရောက် တော်လှန်ရေး တပ်ဖွဲ့များက ကြား ဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့တိုက်ခိုက်မှုအတွင်း တော်လှန်ရေး တပ်ဖွဲ့များက Sniper၊ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၆ နာရီခန့် ကြာမြင့်ခဲ့ကြောင်း ယင်း တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၄ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
တိုက်ပွဲအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်သားများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို မှတ္တိုင် ဘက်မှ ဖောကားဖြင့် လာရောက်သယ်ဆောင်သွားပြီး ယင်းမှ တဆင့် ရွှေတောင်မြို့ ကုတင် ၁၀၀ စစ် ဆေးရုံကို သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) တပ်ရင်းမှ ဦး ဆောင်ပြီး တပ်ခွဲစုံညီစုပေါင်းစစ်ကြောင်း၊ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၂ PDF) တပ်ရင်း တပ်ခွဲ(၁)၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၄)နှင့် ရွှေတောင်(ပကဖ) ပူးပေါင်းစစ်ကြောင်း၊ (၃၈၀၁ PDF) တပ်ရင်း တပ်ခွဲ(၃) နတ်စစ်သည်စစ်ကြောင်းတို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်အန္တရာယ်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News