Paungde News

0 0
Read Time:2 Minute, 1 Second

ပေါင်းတည်မြို့နယ်၊ဂွေးတောက်ရွာအနီးတွင် ကျေးရွာများကို မီးရှို့ပြီး ပြန်ဆုတ်လာသော စစ်ကြောင်း ကို တိုက်ခိုက်မှု စစ်သား ၃ ဦးဒဏ်ရာရ

 

D Day News

ဩဂုတ်လ ၁၇

 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ဂွေးတောက်ရွာအနီးတွင် ကျေးရွာများကို မီးရှို့ပြီး ပြန်ဆုတ်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF-၃၆၀၁ တပ်ရင်းထံမှ သိရသည်။

 

ဩဂုတ်လ ၁၅ ရက် နံနက် ၇ နာရီ ၄၀ မိနစ်အချိန်တွင် ပဲခူးရိုးမတောင်ခြေရင်းရှိ ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးပြီး နောက်ကြောင်းပြန်ဆုတ်လာသော အင်အား ၅၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ပေါင်းတည်မြို့နယ်၊ ဂွေးတောက်ရွာအနီးအရောက် အသင့်ထောင်ထားသော ပဒေသာ မိုင်းများဖြင့် ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးမှုရှိ ၊ မရှိသိရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်း၊ ဒဏ်ရာရ အကြမ်းဖက်စစ်သားများကို ပုခက်အဆိုင်း ၃ ဆိုင်း ဖြင့် ထမ်းကာ လက်ကြီးကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၁ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ် များ ဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *