Karenni Army News

0 0
Read Time:5 Minute, 28 Second

တော်လှန်ရေးဆင်နွှဲနေသော လူငယ်များအနေဖြင့် တာဝန်ယူမှု ၊တာဝန်ခံမှုအပြည့်ဖြင့် လုပ်ဆောင် ကြရန် ကရင်နီပြည်တပ်မတော် (KA/KNDF) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ် တိုက်တွန်း

 

  • နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ ပထွေးမျှော်ဝါဒမကျင့်သုံးရန် သတိပေး

 

D Day News

ဩဂုတ်လ ၁၇

 

နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင်တိုက်ပွဲဝင်နေသော လူငယ်များအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့်လုပ်ဆောင်ကြရန် ကရင်နီပြည်တပ်မတော် (KA/KNDF) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က တိုက်တွန်းပြောကြားသည်။

 

ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ တွင် ကျရောက်သည့် ၇၆ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အထိမ်းအမှတ် ကရင်နီပြည်တပ်ပေါင်းစုံ တပ်မှူးတပ်သားများ၊ ကရင်နီပြည်တပ်မတော်တပ်မှူး၊ တပ်သားများ၊ KNDF တပ်မှူးတပ်သားများ ကရင်နီပြည်ရှိ KPDF များနှင့် ပြည်သူလူထုများကို ပြောကြားရာတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ယနေ့လူငယ်များ လက်နက်ကိုင်ပြီး တော်လှန်စစ် ဆင်နွဲနေမှုအပေါ်တွင်လည်း များစွာ ဂုဏ်ယူ ဝမ်း မြောက်မိပါတယ်၊ လူငယ်တွေဟာ လူငယ်ပီပီခံစားချက်တွေများစွာ ရှိနေမည်ကိုလည်း သိပါတယ်။ သို့ သော်လည်း “ခဗျားတို့ လူငယ်တွေဟာ နောင်တစ်ချိန်အနာဂတ်မှာ တိုင်းပြည်ရဲ့ တာဝန်ကို ပုခုံး ပြောင်း တာဝန်ယူရမယ့် လူတွေဖြစ်တယ် ဆိုတဲ့ ခံယူချက်နဲ့ အလုပ်လုပ်ဖို့ လိုတယ်၊ ခံစားချက်နဲ့ မလုပ်ကြပါနဲ့။ ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုကို အလေးအနက်ထားပြီး လုပ်ဆောင်ကြပါ။ ယခု အချိန်ကစပြီး အလေ့အကျင့်တွေ လုပ်ဆောင်သွားဖို့လိုတယ်။ ခင်ဗျားတို့တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်ကို ဘယ်နားသွားထားမလဲ” ဆိုတာကိုတော့ လူငယ်ရဲဘော်များ၊ တပ်မှူးများ နှလုံးသွင်းဆင်ခြင်ပြီး ရှေ့ကိုဆက်လက် ချီတက်သွားကြဖို့ ပြောကြားလိုပါတယ်” ကရင် နီ ပြည်တပ်မတော် (KA/KNDF) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ပြောကြားသည်။

ထို့အပြင် လူထုတော်လှန်ရေး ဆင်နွှဲနေချိန်ဖြစ်သည့်အတွက် လူထုနှင့် တစ်တန်းတည်းရှိရမည် ဖြစ်ကြောင်း၊ လူထုဆန့်ကျင်ရေးမလုပ်ကြရန် ၊ လူထုနောက်မြီးဆွဲ မလုပ်ကြရန်နှင့် လူထုကိုသာ ယုံကြည်ရမည်ဖြစ်ကြာင်း အသိပေးထားသည်။

 

“မိမိကိုယ်ကို လည်း ယုံကြည်ပါ။ ပြည်သူလူထုဆိုသည့်နေရာမှာ အချောင်သမားများ၊ နိုင်ငံရေး အ ချောင်သမားများ၊ ကိုယ်ကျိုးရှာစီးပွားရေး အချောင်သမားများ မပါဝင်ပါ။ အဆိုပါအချောင် သမား များကို အထူးသတိထားရန်လိုပါတယ်။ ကရင်နီပြည်တွင်းရှိ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများ လည်း ပထွေးမျှော်ကိုးဝါဒကို မကျင့်သုံးဖို့ ပြောချင်ပါတယ်။ သတိဆိုတာ ပိုသည်မရှိ လိုသည်ဘဲရှိ တယ်။” ဟု ကရင်နီ ပြည်တပ်မတော် (KA/KNDF) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ဆက် လက်ပြောကြားသည်။

 

ကရင်နီပြည်တပ်မတော်အနေဖြင့် ဥပဒေ စစ်စည်းကမ်း၊ အမိန့်ညွှန်ကြားချက် ၊ လူထုဥပဒေ၊ ဓလေ့ထုံးတမ်း ဥပဒေများကို လိုက်နာကြရန်၊ ထို့အပြင် ကမ္ဘာအရပ်ရပ်မှ ပြဌာန်းထားသော လူ့ အခွင့်အရေးဆိုင်ရာစာချုပ်များ၊ စစ်သုံ့ပန်းဥပဒေများ၊ စစ်မြေပြင်တွင် စစ်သားများ လိုက်နာရမည့် ကျင့်ဝတ်များနှင့် ကလေးသူငယ်များနှင့် အမျိုးသမီးများကို အထူးကာကွယ် စောင့်ရှောက်ရန် ဗိုလ် မှူးချုပ် အောင်မြတ်က အထူးမှာကြာထားသည်။

 

ကရင် နီပြည်တပ်မတော်သည် ကရင်နီပြည်တွင်း နေထိုင်နေသော သူများကို ကာကွယ်စောင့် ရှောက်ရန် တာဝန်ရှိပြီး ကျဆုံးသွားကြသော မိမိသွေးသောက် ရဲဘော်ရဲဘက်များ၏ ဝိဥာဉ်နှင့် အသက်ပေး သွားကြသည့် ပြည်သူပြည်သားများ၊ မြို့ပျက်၊ ရွာပျက်၊ အိမ်ပျက်၊ ဘဝပျက်သွားသော လူထုမျက်နှာ များကို အောက်မေ့သတိရ နှလုံးသွင်းကြရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

ကရင်နီပြည်တပ်မတော်သည် ၁၉၄၈ ခုနှစ် မှစ၍ ယနေ့ထိတိုင် ကရင်နီပြည် အစိုးရ၏ အုပ်ချုပ်မှု အောက်တွင် တည်ရှိနေသော လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူမျိုးတစ်မျိုးတည်းကို ကိုယ် စား မပြုပြုကြောင်း၊ အမျိုးသားကိုလည်း ကိုယ်စားမပြုကြောင်း၊ တိုင်းပြည်တစ်ခုတည်းကိုသာ ကိုယ် စားပြုကြောင်း၊ ထို့ကြောင့် ၇၆ နှစ်တိုင်တည်ရှိနေခြင်းဖြစ်ပြီး ယနေ့ ခုခံတော်လှန်တိုက်ပွဲဝင်နေသော ညီနောင်အဖွဲ့အစည်းမှ တပ်သား/ ရဲဘော်ရဲဘက်များအပေါ် စိတ်ရှည်သီးခံပြီး လက်တွဲခေါ်ရမည်ဖြစ် ကြောင်း ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေးပြောဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *