TNLA News

0 0
Read Time:2 Minute, 56 Second

သီပေါ၊ မိုးမိတ်၊ နောင်ချိုမြို့တွင် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းအလွန်အကျွံ အသုံး ပြုပြီးခုခံနေ၊ တိုက်ပွဲဖြစ် ပွား ခြင်းမရှိသည့် ကျောက်မဲမြို့နယ်၊ ဟူးကွက်ရွာဘုန်းကြီးကျောင်းကို စစ် တပ် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကိုရင်တစ်ပါး ဒဏ်ရာရ

 

D Day News

ဩဂုတ်လ ၁၆

 

ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ သီပေါ၊ နောင်ချိုနှင့်မိုးမိတ်တို့တွင် တိုက်ပွဲဆက်လက်ဖြစ် ပွားနေပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အလွန်အကျွံလုပ်ဆောင်ကာ ခုခံနေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့ ဩဂု်တလ ၁၆ ရက် ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ ၊ ၅၃ ရက်မြောက်နေ့တွင်တအာင်းပြည် တပ်မဟာ ၂ နယ်မြေ ၊ သီပေါမြို့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၂၃ တပ် စခန်းနေရာတွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်မှ အရပ်သား ပြည်သူ နေ ထိုင်ရာ နေရာများကို ဦးတည်ကာ Jet Fighter ဖြင့် ၂ ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်ဖြင့် ၁၆ ကြိမ် ဗုံးသီး ၁၆၃ လုံးကြဲချခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ သြဂုတ်လ ၁၆ ရက်နေ့တွင် နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးတဝိုက်ကို စစ် ကောင်စီတပ်မှ Jet Fighter ဖြင့် ၂ ကြိမ်၊ Y12 ဖြင့် ၅ ကြိမ် ဗုံးသီး ၆၇ လုံး လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

 

တပ်မဟာ(၂)နယ်မြေ မိုးမိတ်မြို့နယ်၊ ကင်းချောင်းရွာအနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယနေ့ သြဂုတ်လ ၁၆ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်မဲမြို့ နယ်၊ ဟူးကွက် ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် ၂ ကြိမ် ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ကိုရင် (၁) ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ အပြင် ဆွမ်းစားကျောင်းဆောင်နှင့်  ဇရပ်ကျောင်းဆောင် (၂)ဆောင်လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက် အစောပိုင်း ၁ နာရီဝန်းကျင်တွင်လည်း ပြည်သူ လူထု များ အေးချမ်းစွာနေထိုင်နေသည့် နမ့်ဆန်မြို့ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *