CDM News

0 0
Read Time:1 Minute, 29 Second

ရန်ကုန်တိုင်း စစ်ဌာနချုပ် PDF တပ်ရင်းသို့ စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ တပ်သား ၂ ဦး အလင်းဝင်

 

D Day News

ဩဂုတ်လ ၁၆

 

ရန်ကုန်တိုင်းစစ်ဌာနချုပ် PDF တပ်ရင်းထံသို့ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ တပ်သား ၂ ဦး အလင်းဝင်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ မှ တသ ဝေလင်းထက်၊ နှင့် ခလရ ၁၂ (တပ်ရင်း ၃၅၆) မှ တသ ခွန်ကျော်ဦး တို့ ၂ ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်း စစ်ဌာန၊ တပ်ရင်း ၅၁၀၂ သို့ ဆက်သွယ်ကာ လက်နက်မဲ့ အလင်းဝင်လာခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သား ၂ ဦးကို လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ် လက်ခံပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။

 

လက်နက်ချပြီး ပြည်သူနှင့်ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ လက်ခံကြိုဆိုလျက်ရှိပြီး လူ့အခွင့်အရေးအပြည့်အဝရရှိစေမည် ဖြစ်ကြောင်း၊ ထို့အပြင် လက်နက်ဖြင့် အလင်းဝင်လာသူများကို ဆုငွေများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *