Nga Zun News

0 0
Read Time:1 Minute, 48 Second

မြို့သာစက်မှုဇုန်ရှိ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေ ဆုံး

 

D Day News

ဩဂုတ်လ ၁၆

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုံ၌ အထိုင်ချတပ်စွဲထားသော အထိုင်စခန်းကို ဝင် ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖထံမှ သိရ သည်။

 

ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက်ပိုင်းက ငါးဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်ရှိ အင်အား ၃၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပစ္စည်းတော့မရခဲ့ဘူး။ တိုက်ပွဲက နာရီလောက်ကြာခဲ့တယ်။ မြို့သာမြို့ထဲဘက်ကရော အနီးအနား အထိုင်စခန်းတွေကရော စစ်ကူအင်အားတွေ ရောက်လာလို့ လုံခြုံရေးအရ ပြန်ဆုတ်ခဲ့ရလို့ပါ။” ဟု ငါန်းဇွန်မြို့နယ် ပကဖ ဘဏ္ဍာရှာဖွေရေး တာဝန်ခံ ကိုဟရုနာကာဂျီမာက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပကဖ ၊ စဉ့်ကိုင်မြို့နယ် ပကဖ ၊ မြင်းခြံ 35 ပြောက်ကျား တပ်ဖွဲ့ ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ – မြင်းခြံနှင့် ပြည်ချစ်သား ပြောက်ကျားတပ်ဖွဲ့တို့ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *