အုတ်တွင်းမြို့နယ်၊ မြက်နီကွင်းကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု စစ်သား ၅ ဦးသေဆုံး
D Day News
ဩဂုတ်လ ၁၆
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ မြက်နီကွင်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသထံမှ သိရသည်။
ဩဂုတ်လ ၁၄ ရက် နံနက် ၁၁ နာရီ ၃၄ မိနစ်အချိန်က အုတ်တွင်းမြို့နယ်၊ မြက်နီကွင်း ကျေးရွာအ တွင်း တပ်စွဲနေထိုင်နေသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်း ဖြင့် ဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ တောင် ငူခရိုင်၊ တပ်ရင်းအမှတ် ၃၅၀၂ Delta One Drone Team နှင့် အုတ်တွင်းမြို့နယ် ပကဖ ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
D Day News