PDF News

0 0
Read Time:4 Minute, 16 Second

တောင်ပိုင်းစစ်ဒေသ နယ်မြေ၌ ဇူလိုင်လ အတွင်း စစ်ကောင်စီတပ်သားများကို အကြိမ် ၁၀၀ နီးပါး တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၇ ဦးသေဆုံး

 

D Day News

ဩဂုတ်လ ၁၅

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ဇူလိုင်လ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အကြိမ် ၁၀၀ နီးပါး တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၇ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန် သည်။

 

ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဒေသ နယ်မြေတွင်  အာဏာသိမ်းစစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲပေါင်း ၅၁ ကြိမ်၊ အကြမ်းဖက်စစ်သားများ အထိုင်ချတပ်စွဲထားသော စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်မှု အကြိမ် ၃၀ နှင့် အ ထက်၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ်နှင့် အထက်၊ မိုင်းဆွဲတိုက်ခိုက်မှု ၈ ကြိမ် နှင့် အထက်၊ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ထောက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှု ၅ ကြိမ် အပါအဝင် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာကို ဖော်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား စုစုပေါင်း ၁၆၇ ဦး သေဆုံးကာ ၁၅၄ ဦး ဒဏ်ရာရကြောင်း၊ အကြမ်းဖက်စစ်သားများ၊ စစ်သားများ၏ မိသားစုဝင်များ၊ လက်နက်ချအညံ့ခံသူ များကို သုံ့ပန်းများ အနေဖြင့် ဖမ်းဆီးရရှိမှုရှိခဲ့ပြီး ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း သိရသည်။

 

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြုသော ခဲယမ်းလက်နက်မျိုးစုံနှင့် ကျည် အမြောက်အများကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်း တိုင်းစစ်ဒေဿ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါတိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ် ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ၊ LDF များ ၊ မွန်ပြည်သစ် (AD) ပူးပေါင်းတပ်ဖွဲ့များ၊ KNU (KNLA, KNDO) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၊ ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ဟန်ချက်ညီညီ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

တနိုင်ငံလုံးအတိုင်းအတာဖြင့် နယ်ပယ်အသီးသီးတွင် အထိနာနေသော အာဏာသိမ်းစစ်ကောင်စီ သည် ပြည်သူများအား ကာကွယ်စောင့်ရှောက်ရမည့်အစား ရန်သူသဖွယ် ဆက်ဆံလျက်ရှိနေပြီး ပြည် သူ့အိုးအိမ်စည်းစိမ်များကို အနိုင်ကျင့်၍ ခိုးယူသုံးစွဲသည်သာမက အကြောင်းမဲ့မီးရှို့ဖျက်စီးခြင်းများ၊ ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ နေ့စဥ်ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက် ခြင်းများနှင့် ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းတို့လုပ်ဆောင်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁၆ ဦး သေဆုံးပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အတင်းအကြပ်စစ်မှုထမ်းခိုင်းရန်နှင့် လူသားဒိုင်းပြုလုပ်ရန် မတရားဖမ်းဆီးခေါ်ဆောင်ခြင်း များလည်းရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မတရားအာဏာသိမ်းထားသော စစ်ကောင်စီကို တော်လှန် ရေဂတပ်ဖွဲ့များက  တန်ပြန်တိုက်စစ်အနေဖြင့် အဘက်ဘက်မှအပြင်းအထန်ထိုးနှက်တိုက်ခိုက်လျက် ရှိကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *