Ayardaw News

0 0
Read Time:3 Minute, 11 Second

အရာတော်မြို့နယ်၊ သလဲဘာရွာ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၅

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာရွာ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရ သည်။

 

ဩဂုတ်လ ၁၄ ရက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က အရာတော်မြို့နယ်၊ တောင်ဘက်ခြမ်း၊ သလဲဘာကျေးရွာ ပျူစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက် ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၅ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်သား ၃ ဦး၊ ငွေတွင်းရွာမှ ပျူ ၁ ဦး၊ သလဲဘာရွာမှ ပျူ ၃ ဦး စုစုပေါင်း ၇ ဦးသေဆုံးသွားကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စခန်းသိမ်းနိုင်ရန် နင်းမိုင်းများအကြားမှ ခက်ခဲစွာ ကြိုးစား တိုက်ခိုက်ခဲ့ပြီး စခန်းသိမ်းပိုက်ခါနီးအချိန်တွင် အရာတော်မြို့ လေ့ကျင့်ရေး အမှတ် ၁၀ တပ်၊ ငွေ တွင်း ပျူရွာ အထိုင်စစ်တပ်စခန်းတို့မှ လက်နက်ကြီး ပစ်ကူ အမြောက်အများ မနားတမ်းပစ်ခတ် နေသည့်အပြင် စစ်ကူအင်အား အများအပြားလည်း ရောက်ရှိသဖြင့် စခန်းသိမ်းနိုင်ခြင်းမရှိပဲ ပြန် လည်ဆုတ်ခွာခဲ့ရကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း တပ်ရင်း ၁၉ ရဲဘော် ၁ ဦး၊ Zero အဖွဲ့မှ ရဲဘော် ၁ ဦး အစိုးရိမ်ရ အသေးစားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၂၁ ၊ ၁၉ ၊ ၂၆ ၊ ၂၂ ၊  Zero ဦးဆောင်ပြီး ရွှေဘိုမြိုနယ် ပြည်သူ့လုံခြုံ ရေး တပ်ဖွဲ့၊ Shwebo Crocodile  ၊ ‌ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ဗိုလ်ဂျပန်ကြီး – ရွှေ ဘိုအဖွဲ့ ၊စွန်ရဲရွှေဘို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဒေါင်းစစ်သည် အဖွဲ့ ၊ရွှေဘိုအားမာန် အဖွဲ့၊ HG FIGHTER ၊ EYE FOR EYE ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Hero Brother ၊ ဖျံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Zay Yar Thawed ၊ YAUNG NI ၊ရွှေဘိုသားပြည်သူ့ ကာကွယ်ရေးအဖွဲ့ ၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ၊ဇာမဏီဒေါင်းပြည်သူ့ကာကွယ် ရေးအဖွဲ့နှင့် BO BA Taw (LDF) ရွှေဘိုမြို့နယ် တလရ တပ်ပေါင်းစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အများပြည်သူလူထုကို ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်သား ၊ (ပသစ) ထိုင်စခန်းများအား ဆက် လက်ဖိအားပေး ချေ မှုန်းနိုင်ရန်အတွက် ပြည်တွင်း ပြည်ပမှ ထောက်ပို့ မိဘပြည်သူများမှ ဝိုင်းဝန်း ကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *