MNDAA News

0 0
Read Time:2 Minute, 51 Second

MNDAA အနေဖြင့် ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ပဲလွတ်လပ်ပြီးသာယာဝပြောသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရန်ဖြစ်ကြောင်း စစ်သုံ့ပန်းများကို ရှင်းပြ

 

D Day News

ဩဂုတ်လ ၁၄

 

MNDAA အနေဖြင့် ပြည်ထောင်စုမှ ခွဲထွက်ရန်မဟုတ်ပဲ လွတ်လပ်ပြီးသာယာဝပြောသည့် ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရန်ဖြစ်ကြောင်းလားရှိုးမြို့သိမ်းတိုက်ပွဲမှ ဖမ်းဆီးရရှိထားသည့် စစ်သုံ့ပန်း များကို ရှင်းပြခဲ့သည်။

 

လားရှိုးမြို့လွတ်မြောက်ရေးတိုက်ပွဲတွင် တိုက်ပွဲအစမှအဆုံးအထိ ထောင်နှင့်ချီသော မင်းအောင်လှိုင် ၏ အာဏာသိမ်းတပ်သားများသည် မဟာမိတ်တပ်သို့ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း၊  မဟာမိတ် တပ်ဖွဲ့သည် စစ်သုံ့ပန်းများအတွက် ဦးစားပေး ကောင်းမွန်စွာဆက်ဆံရေးမူဝါဒကို တင်းတင်းကျပ် ကျပ် အကောင်အထည်ဖော်ကာ စစ်သုံ့ပန်းများ၏ အသက်ဘေးကင်းရေးနှင့် ၎င်းတို့၏ အခြေခံ အ သက်မွေးဝမ်းကြောင်း အာမခံချက်၊ ဒဏ်ရာရ စစ်သုံ့ပန်းများအား လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကုသမှုများ ပေးအပ်ကာ စစ်သုံ့ပန်းများ၏ အယူဝါဒဆိုင်ရာ ပညာရေး၊ လမ်းညွှန်မှုနှင့် အသွင် ပြောင်းရေးတို့ကို တက်ကြွစွာ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

MNDAA နိုင်ငံရေးဌာန၏ အလုပ်အဖွဲ့သည် အာဏာသိမ်းစစ်တပ်၏ စစ်သုံ့ပန်းများကို MNTJP ပါတီ ၏ ရပ်တည်ချက်၊ အဆိုပြုချက်များနှင့် နိုင်ငံရေး လမ်းကြောင်းဆိုင်ရာကို အာဏာသိမ်းတပ်၏ စစ်သုံ့ ပန်းများအား ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။

 

MNTJP ပါတီသည် “လူမျိုးကြီးဝါဒ” ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး လူမျိုးစုအားလုံး တန်းတူညီ တူ ညီတူမျှတူ၊ လွတ်လပ်၊ ဒီမိုကရက်တစ်၊ ယဉ်ကျေးပြီး သာယာဝပြောသော ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ရန် တွန်းအားပေးသူများဖြစ်သည်ကို ရှင်းရှင်းလင်းလင်းပြောဆိုထားပြီးဖြစ်သည်ဟု ဆိုသည်။

 

MNTJPပါတီသည် စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ပြီး တပ်မတော်ကို နိုင်ငံတော် အစိုးရမှ ကွပ်ကဲ အုပ် ချုပ်စေရန် တိုက်တွန်း ဆော်သြထားပြီး တိုင်းရင်းသားတည်ရှိရာပြည်နယ်များ သို့မဟုတ် အထူး အုပ်ချုပ်ရေးဒေသများတွင် လွတ်လပ်သော အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဘဏ္ဍာရေးစနစ်များ ရှိပြီး ဥပဒေပြုရေးအာဏာကို ရယူခံစားနိုင်ရန် ထောက်ခံကြောင်း MNDAA က ရှင်းလင်းပြောကြားခဲ့သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *