KNLA News

0 0
Read Time:2 Minute, 26 Second

တောင်ငူ-သံတောင် လမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက် (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၃

 

ကရင်ပြည်နယ် နှင့် ပဲခူးတိုင်းသို့ ဆက်သွယ်ထားသော တောင်ငူ-သံတောင် လမ်းပိုင်းတွင် အကြမ်း ဖက် စစ်တပ် ရိက္ခာပို့ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ ထံမှ သိရသည်။

 

ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၂၀ အချိန်ခန့်တွင် တောင်ငူမြို့မှ သံတောင်ကြီးမြို့ ဘုရင့် နောင်တပ်စခန်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်သား အင်အားဖြည့်ရန်နှင့် စားနပ်ရိက္ခာများပို့ ဆောင်ရန် ထွက်လာသည့် အကြမ်းဖက်စစ်ယာဉ်တန်းကိုကို ၆ မိုင်နှင့် ၇ မိုင်ကြားအရောက် အနီး စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို KNLA တပ်မဟာ ၂ (Thawthikho) တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ဖွဲ့ဝင်များက ပစ် ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုသိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

 

အလားတူ ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်ကလည်း တောင်ငူ -သံတောင်ကြီးလမ်း ပိုင်း၊ ရွှေညောင်ပင်ကျေးရွာအောက်ဘက်၌ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မ ဟာ ၂ လက်အောက်ခံတပ်ရင်း ၅ နှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ယင်းတိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကူပေးရန်လာရောက်သည့် အကြမ်းဖက်စစ်သားများ နှင့်လည်း ညနေ ၄ နာရီ မိနစ် ၃၀ အချိန်တွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ သေဆုံးဒဏ်ရာရစစ်သားများကို အရပ်သားပြည်သူပိုင်ကားများကို ချောဆွဲပြီး သယ်ဆောင်သွားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *