Mon State News

0 0
Read Time:2 Minute, 35 Second

ဘီးလင်းမြို့အဝင် ၂၀၀ ဂိတ်၌ ဆက်ကြေးကောက်နေသော စစ်သား၊ ရဲများကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၃

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့အဝင်ရှိ ၂၀၀ တန်ဂိတ်တွင် ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သား၊ ရဲများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅ ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၂ ရက် ညနေ ၆ နာရီ ၂၇ မိနစ်အချိန် ဘီးလင်းမြို့အဝင်ရှိ မြို့ဝင်ကြေး ၂၀၀ တန် ဂိတ်၌ ခရီးသွားပြည်သူများထံ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူများကို ၄၀ မမ၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ဖွဲ့ဝင် ၃ ဦး နေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG မှ ရဲဘော်များက ကားဖြင့်အလစ်အငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ နှစ်ဖက် အပြန်အလှန်ပစ်တိုက်ခိုက်မှု အတွင်း၂၀၀ တန်ဂိတ်အနီးရှိ ဈေးဆိုင်တစ်ဆိုင်မှ အမျိုးသမီးတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း  သိရသည်။

 

ယင်းဂိတ်သည် စစ်အာဏာသိမ်းပြီးချိန်မှ စ၍ စည်ပင်ဝန်ထမ်းများကို မထားတော့ပဲ အကြမ်းဖက်စစ် ကောင်စီ လက်အောက်ခံရဲများနှင့် ပျူစောထီးအဖွဲ့များပူးပေါင်းကာ မိသားစုလိုက် လေလံယူ၍ အဆ မတန် ဂိတ်ကြေးတောင်းနေကြောင်း၊ ထို့အပြင် ဂိတ်အနီး၌ လောင်းစားဝိုင်းများလည်း ဖွင့်လှစ်ထား ကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ထောက်တိုင်များလည်ပတ်နေသော ဂိတ် စခန်း အလောင်းကစားဝိုင်းများ၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများရှိရာ နေရာဒေသများကို ရှောင်ရှားသွားလာနေထိုင်ပေးကြပါရန် PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG တပ်ဖွဲ့က ထုတ် ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *