မြင်းခြံတက္ကသိုလ်အနီးရှိ ပျူစခန်းကို တိုက်ခိုက်မှု ပျူခေါင်းဆောင်သေဆုံး၊ ၂ ဦးအရှင်ဖမ်းမိကာ ဘန်ကာများကို မီးရှို့ရှင်းလင်း (ရုပ်သံ)
D Day News
ဧပြီလ ၃
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံတက္ကသိုလ်အနီးရှိ ပျူစခန်း ၂ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင်တစ်ဦးသေဆုံးပြီး ၁၃ နှစ်သား ပျူတစ်ဦးအပါအဝင် ၂ ဦးအရှင်ဖမ်းမိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းထံမှ သိရသည်။
ဧပြီလ ၁ ရက် နံနက် အစောပိုင်းက မြင်းခြံမြို့ တက္ကသိုလ်အနီး သဲဖြူဝကျေးရွာ၊ ကျောက်ကုန်းရှိ
စစ်သား၊ ပျူ ဘန်ကာ အထိုင်စခန်းကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း – Taungtha Youth အဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင်တစ်ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်စစ်သား ပျူများ အများအပြားထိခိုက်ဒဏ်ရာရရှိကာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
ထိုသို့ သိမ်းပိုက်မှုအတွင်း ပျူတစ်ဦး လက်နက်ချ အညံ့ခံလာခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ပျူတစ်ဦး ထံမှ ကိုးလုံးကျည်ထည့်ပစ်ရသော သေနတ် ၁ လက်၊ ကျည်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ပြီး အမျိုးသမီးများလည်း ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်စစ်သား၊ ပျူများနေထိုင် ရာ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာများဖြင့် ထွက်ပြေးတိမ်းရှောင်သွားသာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို နာရေး ကားများဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးရရှိခဲ့သော အသက် ၁၃ နှစ်အရွယ် ပျူစောထီးနှင့်အမျိုးသမီးကို ပြန်လွှတ်ပေးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း ၊ မိုရှေဒါယန် ပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ ၄ ၊ အမေ့လက်ရုံးပြောက်ကျားတပ်၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း၊ Anyar Federal Task Force – AFTF နှင့် justice Warriors Force တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြင်းခြံမြို့မှ စစ်ကူအများ ထွက် လာ နိုင်သဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
D Day News