Kyuk Pa Daung News

0 0
Read Time:2 Minute, 34 Second

ကျောက်ပန်းတောင်းမြို့နယ်၊ ပွဲခင်းရွာမ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ပျူ ၆ ဦး သေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၁၃

 

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွဲခင်းရွာမ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၆ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Chauk Guerrilla Force – CGF ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ပွဲခင်းရွာမ ပျူ စခန်း အတွင်း၌ စစ်သား၊ ပျူများ စုဝေးပြီး ပြည်သူတစ်ဦးကို ဖမ်းဆီးနှိပ်စက်နေကြောင်း သတင်းအရ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၃ ဦး၊ ပျူ ၃ ဦး စုစုပေါင်း ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ကျနော်တို့သွားတိုက်တဲ့အချိန်က နေ့လည် ၂ နာရီလောက်ကပါ။ အပြန်အလှန်ပစ်ခတ်တာ ၁ နာရီ လောက်ကြာတယ်။ စစ်ကူလာတာမရှိပါဘူး။ မဟာမိတ်တပ်ဖွဲ့က ရဲဘော်နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိ ခဲ့ပါတယ်။ ဖမ်းဆီးနှိပ်စက်ခံရတဲ့ ပြည်သူအကြောင်းကတော့ မသိပါဘူး” ဟု Chauk Guerrilla Force – CGG တာဝန်ခံ Ko Paing က ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ကိုင်ဆောင်အသုံးပြုသော ကာဘိုင် သေနတ် ၂ လက်၊ တစ်တောင့်ထိုး ရှော့ဂန်း သေနတ် ၁ လက်၊ ကာဘိုင်ကျည် ၉၈ တောင့် ၊ ကာဘိုင် ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၃ လုံး၊ အီကွေ့မန့် အင်္ကျီ ၂ ထည်၊ စစ်ဖိနပ်တစ်ရံနှင့် စစ်ယူနီဖောင်း ၂ ထည်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို မကွေး ခရိုင် (ပ.က.ဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ချောက်မြို့နယ် (ပ.က.ဖ) ၊ Chauk Guerrilla force (C.G.F) ၊ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ Chauk Revolution Army ၊ Oak Awe (UG) ၊ Bagan Bo Cho ၊ Burma Ranger Revolution ၊ YRF တပ်ရင်း ၁၂ ၊ မင်းသားကြီး တပ်ဖွဲ့ ၊ Yenathar Youth Force နှင့် Kyaukpadaung special Defense Force မဟာမိတ် တပ်ဖွဲ့ များ ပူးပေါင်း တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *