TNLA News

0 0
Read Time:2 Minute, 12 Second

TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး၊ မြို့မဂိုဏ်းချုပ်ကျောင်းနှင့်နေအိမ် ၅ လုံးပျက်စီး

 

D Day News

ဩဂုတ်လ ၁၃

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ TNLA ထိန်းချုပ်ထားရာ နမ့်ဆန်မြို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယမန်နေ့ ဩဂုတ် ၁၂ ရက် ည သန်းခေါင်းယံအချိန် ၁၁ နာရီ ၃၁ မိနစ်တွင် တစ်ကြိမ်၊ ၁၁ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ်နှင့် ၁၁ နာရီ ၅၁ မိနစ်တွင် တစ်ကြိမ် နမ့်ဆန်မြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုများအတွင်း နမ့်ဆန်မြို့လယ်ရပ်ကွက်ရှိ EPC ရုံးအတွင်းသို့ ကျရောက်ပေါက်ကွဲမှု၌ EPC ဝန်ထမ်း အသက် ၃၀ အရွယ် ပြည်သူအမျိုးသားတစ်ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ ကြောင်း သိရသည်။

 

ထိုအပြင် EPC ရုံးဝန်းအတွင်းရှိ ထရန်စဖော်မာ စက်များထိခိုက်ပျက်စီးသွားပြီး ထိုအနီးဝန်းကျင်ရှိ မြို့မ ဂိုဏ်းချုပ်ကျောင်းနှင့် ဒေသခံနေအိမ်အဆောက်အဦး ၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။

 

သြဂုတ်လ ၆ ရက်နေ့ကလည်း PSLF/TNLA အုပ်ချုပ်သည့် ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုခဲ့ရာ ဒေသနေ ပြည်သူ (၆)ဦး သေဆုံးကာ၊ (၁၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ်နှင့် ဆိုင်ခန်းပေါင်း(၄၀၀)ကျော်လည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *