TNLA News

0 0
Read Time:1 Minute, 9 Second

TNLA ထိန်းချုပ်ထားရာ နမ့်ဆန်မြို့ကိုအကြမ်းဖက်စစ်တပ်က ညဉ့်နက်သန်းခေါင်အချိန် ၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်

 

D Day News

ဩဂုတ်လ ၁၃

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ နမ့်ဆန်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ညဉ့် နက် သန်းခေါင်အချိန် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၂ ရက် ည ၁၁ နာရီ ၄၁ မိနစ်အချိန်တွင် တစ်ကြိမ်၊ ၁၁ နာရီ ၄၅ မိနစ်တွင်တစ် ကြိမ်နှင့် ၁၁ နာရီ ၅၁ မိနစ်အချိန်တွင် တစ်ကြိမ် ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးသီး ၆ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့တွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက် သေဆုံးမှု နှင့် ပျက်စီးမှုအခြေအနေများအား ထပ်မံဖော်ပြသွားမည်ဖြစ်သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *