မိန်းမကို စိန်နားကပ်ဝယ်ပေးရန် စစ်ကောင်စီက ထုတ်ပေးထားသည့် လက်နက်ဖြင့်ခြိမ်းခြောက်ကာ မတရား ငွေကြေးကောက်နေသူ ဆင်တဲကုန်းအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး
D Day News
ဩဂုတ်လ ၁၂
မိန်းမကို စိန်နားကပ်ဝယ်ပေးရန် စစ်ကောင်စီက ထုတ်ပေးထားသည့် လက်နက်ဖြင့်ခြိမ်းခြောက်ကာ ကျေးရွာနေပြည်သူများအပေါ် မတရားငွေကြေးကောက်ခံနေသူ ဆင်တဲကုန်းအုပ်စု အုပ်ချုပ်ရေးမှူး သန်းမြင့်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း မင်းလှမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၁၂ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ အချိန်က မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး သန်းမြင့်သည် မင်းလှမြို့ပေါ်မှ ဆိုင်ကယ်စီး၍ ပြန်လာစဉ် စိန်ပုရွာထိပ်အ ရောက် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နှင့် တပ်ခွဲ ၃ ၏ ရဲဘော်များမှ သေနတ်ဖြင့် ၁၅ ချက် ပစ်ခတ်ခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွား ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သန်းမြင့်ထံမှ လက်ပစ်ဗုံး ၁ လုံး ဖုန်း ၁ လုံး၊ ဓား ၁ လက်၊ ပေကြိုး ၁ ခု နှင့် စာရွက်စာတမ်းအချိ့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး သန်းမြင့် သည် မိန်းမဖြစ်သူကို စိန်နားကပ်ဝယ်ပေးနိုင်ရန် အတွက် အကြမ်းဖက်စစ် ကောင်စီကထုတ်ပေးထားသည့် လက်နက်ဖြင့်ခြိမ်းခြောက်ကာ လူငယ်များအား စစ်မှုထမ်းရန် ခြိမ်း ခြောက်ဖိအားပေးလူစုခြင်း၊ ငွေကြေးကောက်ခံခြင်း၊ တောင်သူများထံမှ အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးကောက်ခံခြင်း တို့လုပ်ဆောင်နေသဖြင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း မင်းလှမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကပြောဆိုသည်။
မင်းလှမြို့နယ်အတွင်းရှိ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ် လူစုနေသူများ၊ ပြည်သူ များနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသူများအား ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
D Day News