Ayardaw News

0 0
Read Time:2 Minute, 17 Second

အရာတော်၊ တကရ ၅၀၀၄ တပ်ရင်းနှင့် ယင်းမာပင်၊ အောင်ဇေယျစစ်တပ်စခန်းကို ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ဘန်ကာတစ်ခုမီးလောင်ပျက်စီး

 

D Day News

ဩဂုတ်လ ၁၂

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ၏ တကရ ၅၀၀၄ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း BGS Drone Force တပ်ဖွဲ့ထံမှ သိရသည်။

 

ဩဂုတ်လ ၁၀ ရက်နေ့က အရာတော်မြို့နယ်၊ တကရ ၅၀၀၄ တပ်အတွင်း အင်အား ဖြည့်တင်းရန် အကြမ်းဖက်စစ်သား ၄၀ ခန့်ရောက်ရှိနေကြောင်း သတင်းအရ ကင်းထောက် ဒရုန်းဖြင့် မြင်တွေ့နေ ရသည့် အကြမ်းဖက်စစ်အုပ်စုကို လက်လုပ် ၁၂၀ မမဗုံးသီးတစ်လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၉ ရက် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်က ယင်းမာပင်မြို့နယ်၊အောင်ဇေယျကုန်း ပေါ်ရှိ အကြမ်းဖက်စစ်သားများကို Fixed Wings Drone များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သားများ နေထိုင်သည့် ဘန်ကာတစ်ခု မီးလောင်ပျက်စီးကာ စစ်သား၊ ရဲများလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ULF (စစ်ကြောင်း) နှင့်အတူ KLG PDF (ဗျူဟာ အမှတ် ၄၅) ၊ PDA (ယင်းမာ ပင်ခရိုင် တပ်ရင်း ၃၅) ၊ B 21 PDF (ယင်းမာပင်ခရိုင် တပ်ရင်း ၁၇) ၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့ (ယင်းမာပင်ခရိုင် တပ်ရင်း ၂၇) ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၆ (တပ်ခွဲ ၂) နှင့် ဘိုးတော်နီတပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အောင်ဇေယျကုန်းရှိအကြမ်းဖက်စစ်သားများက အနီးအနားရှိ ပြည် သူများနေထိုင်ရာ ကျေးရွာများကို ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *