Myingyan News

0 0
Read Time:2 Minute, 39 Second

မြင်းခြံမြို့နယ်တွင် PDF စုံစမ်းလှမ်းရန် ဆိုင်ကယ်ဖြင့် ထွက်လာသည့် ရဲတစ်ဦး၊ ပျူတစ်ဦးကို ဖမ်းမိ၊ ခုခံထွက်ပြေးသည့် ပျူစောထီး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

ဩဂုတ်လ ၁၂

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် PDF သတင်းစုံစမ်းရန် ဆိုင်ကယ်ဖြင့်ထွက်လာသည့် ရဲတစ်ဦး၊ ပျူ စောထီးတစ်ဦးကို ဖမ်းမိခဲ့ပြီး ခုခံထွက်ပြေးသည့် ပျူစောထီးကို ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွား ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ ထံမှ သိရသည်။

 

ဩဂုတ်လ ၉ ရက်နေ့က မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့၌ တာဝန်ကျနေသော ရဲတပ်သား ထွန်းလင်းသန့် နှင့် ဆုံရွာမှ ပျူစောထီးတစ်ဦးတို့သည် PDF တပ်ဖွဲ့သတင်းထောက်လှမ်းရန်အတွက် Myingyan Black Tiger (MBT)၏ စစ်ကြောင်း ၁ နယ်မြေအတွင်းသို့ အရပ်သားအသွင်ယူပြီး ဆိုင်ကယ်ဖြင့် ထွက်လာခဲ့ရာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီရဲ ပဲခူးဘက်က၊ ပဲခူးဘက်ကနေ မြင်းခြံဘက်ကို တာဝန်ကျတာ။ ဆီမီးခုံဘက်ကနေ ထွက်လာ တာ။ ဆိုင်ကယ်နဲ့ ရုပ်ဖျက်ပြီးလာတာ။ ရဲသက်တမ်းက အခုမှ တစ်နှစ်နဲ့ ၃ လပဲ ရှိ သေးတာလို့ပြော တယ်။ သူနဲ့ပတ်သက်တဲ့အချက်အလက်တွေတော့ ရထားတယ်။ ပျူက ဆုံရွာကပါ။” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

ထို့သို့ ဖမ်းဆီးစဉ် ရဲတပ်သားထံမှ 7.62 (G3) ကျည် ၁၄၇ တောင့်၊ ဖုန်းတစ်လုံး နှင့် ဆိုင်ကယ်တစ်စီး တို့ သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ် လက်ကိုင်တုတ် ပျူစောထီးမှာ PDF တပ်ဖွဲ့ဝင်များကို ခုခံ ထွက်ပြေးသွားသဖြင့် မဖြစ်မနေ ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း၊ အရှင်ဖမ်းဆီးရရှိ သည့် ပျူစောထီးကို  စစ်သုံ့ပန်းဥပဒေနှင့်အညီ စစ်ဆေးနေပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။

 

အဆိုပါဖမ်းဆီးမှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်တပ်ရင်း ၉ နှင့်အတူ Popa Guerilla Force (PGF)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ ရဲနှင့်ပျူစောထီးတို့ ဖမ်းဆီးခံရပြီးနောက် အကြမ်း ဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *