Yangon News

0 0
Read Time:1 Minute, 38 Second

မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး စစ်တပ်ဂိတ်ကို လက်ပစ်ဗုံး ၂ လုံးဖြင့် တိုက်ခိုက်မှု အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦးသေဆုံး

 

D Day News

ဧပြီလ ၃

 

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးရှိ အကြမ်း ဖက် စစ်တပ်ဂိတ်ကို လက်နက်ပစ်ဗုံး ၂ လုံးဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေမှူးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း DRSSA လျှိုဝှက် UG အဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၃ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်က မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပုလဲမြို့သစ် အမှတ် ၃ ရပ်ကွက်၊ ဗိုလ်ခြံပုလဲလမ်းပေါ်ရှိ ရွှေနံသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အနီး ဖွင့်ထားသော အကြမ်းဖက်စစ်တပ်ဂိတ်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက လက်ပစ်ဗုံး ၂ လုံးဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူးတစ်ဦး၊ နောက်လိုက်တစ်ဦးနှင့် အကြမ်း ဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို DRSSA UG အဖွဲ့မှ ဦးဆောင်၍ မဟာမိတ်အဖွဲ့များဖြစ်သည့် Mother Son Yangon Force UG နှင့် သေမင်းတမန် (LPDF) အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *