Thabaik Kyin News

0 0
Read Time:1 Minute, 46 Second

သပိတ်ကျင်းမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်စခန်း ၈ ခုကို သိမ်းပိုက်မှု စစ်သား ၁၅ ဦးထက်မနည်း သေဆုံး

 

D Day News

ဩဂုတ်လ ၁၂

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်း ၈ ခုကို သိမ်းပိုက်ရရှိခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မန္တလေး PDF တပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် သပိတ်ကျင်းမြို့နယ်အတွင်းရှိ သတ်မှတ်ထား သော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ယမန်နေ့ ဩဂုတ်လ ၁၀ ရက် နေ့ အထိ ခလရ ၁၄၈ တပ်စခန်း ၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျရွာ တပ်စခန်းတို့ကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် သပိတ်ကျင်းမြိုနယ်အတွင်းရှိ ကွင်း ၃၀ ရွာ တပ်စခန်း ၊ လက်ပံပြန့်ရွာ တပ်စခန်း ၊ ဖိုကုန်း တပ်စခန်း ၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီး ဖြစ်ကြောင်း ဩဂုတ်လ ၉ ရက်နေ့က အသိပေးထုတ်ပြန်ခဲ့သည်။

 

ယခုအခါ သပိတ်ကျင်းမြို့နယ်အတွင်း၌ တပ်စခန်း စုစုပေါင်း ၈ခု သိမ်း ပိုက်ရရှိထားပြီး အကြမ်းဖက် စစ် ကောင်စီတပ်သားများထံမှ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် သပိတ်ကျင်းမြို့နယ်အတွင်းရှိ သတ်မှတ်ထား သော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *