Yesagyo News

0 0
Read Time:3 Minute, 47 Second

ပခုက္ကူ-ရေစကြိုလမ်းပေါ်တွင် စစ်ယာဉ်တန်း ၃ စီးကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂၅ ဦး သေဆုံး၊ ၅ ဦးအရှင်ဖမ်းမိကာ လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

 

D Day News

ဩဂုတ်လ ၁၁

 

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုလမ်းမပေါ်တနေရာတွင် အကြမ်းဖက်စစ်ယာဉ်တန်း ၃ စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၅ ဦးသေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိကာ လက်နက် ၄ လက်သိမ်းဆည်း ရရှိခဲ့ကြောင်း Southern YSO PDF ထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်က ပခုက္ကူမြို့မှ ရေစကြိုမြို့နယ်ဘက်သို့ လက်နက် ခဲယမ်းရိက္ခာဖြည့်တင်းရန် စစ်ကား ၂ စီး၊ ဖောကား တစ်စီးဖြင့် ထွက်ခွာလာသော အကြမ်းဖက်စစ် သားများကို လမ်းပိုင်းနေရာအရောက် မိုင်းဆွဲပြီး ကြားဖြတ်စီးနင်းတိုက်ခိုက်ခဲ့ရာ နောက်ဆုံးကားကို ထိရောက်စွာစီးနင်းနိုင်ခဲ့ကြောင်း၊ ကျန်စစ်ကားနှစ်စီးပေါ်ပါ အကြမ်းဖက်စစ်သားများနှင့်လည်း အ ပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

“ကား ၃ စီးလုံးကို မိုင်းရောဆွဲတယ်၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ရောပစ်တာ။ ပခုက္ကူ တပ်မ ၁၀၁ ပါတယ်၊ ၂၅၉ ပါတယ်။ မြို့မရဲစခန်းက ရဲတွေပါတယ်။ ပြည်သူ့စစ်တွေပါတယ်။ ရှေ့ဆုံးက တော့ စစ်ကားတွေနဲ့ပဲ၊ နောက်က ကျတော့ ၆ ဘီးကား ကားအရှည်နဲ့၊ ဆန်တွေပါတယ်။ ရဲနဲ့ ပျူနဲ့က ၂၀ လောက်ပါတယ်။ စီးတာကတော့ ကား ၃ စီးလုံးကို စီးတာ။ ရလိုက်တာကတော့ နောက်ဆုံးကား ပဲ ရလိုက်တာပေါ့။ ကျန်တဲ့ကားတွေက ဝင်မလုံးနိုင်ဘူး။ အလျဉ်းသင့်တဲ့ကားကို ဝင်လုံးလိုက်တဲ့အခါ မှာ နောက်ဆုံးကားကိုပဲ ဝင်လုံးနိုင်ခဲ့တာ” Southern YSO PDF တာဝန်ခံကိုအောင်မောင်းက ပြော ကြားသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂၅ ဦးသေဆုံးပြီး ပျူစောထီး ၃ ဦး၊ ရဲ ၂ ဦးအရှင်ဖမ်းမိ ကာ G3 အမျိုးအစားသေနတ် ၄ လက်၊ G3 ကျည် အတောင့် ၃၀၀ နှင့် ကာဘိုင်ကျည် အတောင့် ၅၀၀ တို့ကို သိမ်းဆည်းရရှိခဲ့ပြီး ကားမှာ ချောက်ထဲသို့ ပြုတ်ကျနေသဖြင့် သယ်ယူနိုင်ခြင်းမရှိခဲ့ကြောင့် မ ရှိခဲ့ကြောင်း သိရသည်။

 

“ကားပါသိမ်းမိတာ။ ကားက ချောက်ထဲကျ ဇက်တွေကျိုးနေတာ။ ဘီးတွေလည်းကျနော်တို့ ပစ် ဖောက်ပစ်ခဲ့တယ်။ ပြီးတော့ မီတာ ၁၀၀ လောက်ကနေ ကျန်တဲ့ကားတွေနဲ့ အပြန်အလှန်ပစ်နေ တယ်၊ နောက်ဆုံးကားမှာက ရဲက ၇ ယောက် ၈ယောက်လောက်ပါတယ်။ ထွက်ပြေးတဲ့သူတွေ ကလည်းထွက်ပြေးတာ။ ထွက်ပြေးတာကို တော်တော်များတယ်၊ ကားထဲမှာ အရှင်ဖမ်းမိတဲ့သူက ဖမ်းမိတယ်။ တဖက်ကလည်းနောက်ကြောင်းအေးအေးနဲ့ သိမ်းဆည်းခဲ့ရတာမဟုတ်ဘူး။ ကျန်တဲ့ ကားနှစ်စီးကလည်း အပြန်အလှန်ပစ်ခတ်နေကြရတာ။” ဟု Southern YSO PDF တာဝန်ခံကိုအောင် မောင်းက ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF အဖွဲ့၏ “နတ်မိချောင်း စစ်ဆင်ရေး” စစ်ကြောင်းမှ ဦးစီးကာ Southern YSO PDF ၊ BNRA ၊ မြိုင် ပကဖ ၊ ပြည်သူ့အားမာန်၊ MVP နှင့် အလင်းတန်း ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *