PNLA News

0 0
Read Time:1 Minute, 43 Second

ဆီဆိုင်မြို့အရှေ့ဘက်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး၊ စစ်မှုထမ်းသင်တန်းဆင်း ရွှေဘိုသား တစ်ဦး ဖမ်းမိ

 

D Day News

ဩဂုတ်လ ၁၁

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အရှေ့ဘက်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးကာ အကြမ်းဖက်စစ်တပ်က စုဆောင်းထားသည့် စစ်မှုထမ်းသင်တန်းဆင်း ရွှေဘိုမြို့နယ် သားတစ်ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့က ဆီဆိုင်မြို့အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား အလောင်း ၃ လောင်းကျန်ရှိခဲ့ပြီး စစ်ကောင်စီတပ်က စစ်မှုမထမ်းမနေရ စုဆောင်းခံရကာ သင်တန်းဆင်းလာသည့် ရွှေဘိုမြို့နယ်သား တစ်ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် MA1 အမျိုးအစား သေနတ် ၁ လက်၊ ဒရုန်းတစ်စင်းတို့ကို သိမ်းဆည်းရရှိခဲ့ပြီး သေဆုံးစစ် သား အလောင်းများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိသည့် စစ်သုံပန်းသည် ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကပေးသည့် ပြည် သူ့ စစ်မှုထမ်း သင်တန်းဆင်းကာ ဆီဆိုင်မြို့သို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး  ၁ လ မပြည့်သေးကြောင်း ကနဦး ထွက်ဆိုချက်အရ သိရှိရသည်ဟု PNLA က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *