Myingyan News

0 0
Read Time:2 Minute, 55 Second

မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု တပ်ကြပ်ကြီး ၂ ဦးအပါအဝင် ၃ ဦးသေဆုံး၊ သေနတ် တစ်လက် သိမ်းဆည်းရရှိ

 

D Day News

ဩဂုတ်လ ၁၀

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၂ ဦးအပါအဝင် ၃ ဦးသေဆုံးပြီးသေနတ် ၁ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

ဩဂုတ်လ ၈ ရက် နံနက် ၈ နာရီ ၈ မိနစ်အချိန်ခန့်က မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာ၌ တပ်စွဲ ပြီး အကြမ်းဖက်စစ်သားများနှင့် စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ဂိတ်ဖွင့်ကာ ခရီးသွားပြည် သူများထံမှ မတရားဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်ဗိုလ်ပါ ၆ ဦးရှိသည့် ဂိတ်ကို ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၂ ဦးနှင့်တပ်သား ၁ ဦးနေရာမှာပင်ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။

“၈၈၈၈ အထိမ်းအမှတ်နေ့အဖြစ် မနက် ၈ နာရီ ၈ မိနစ်အချိန် ဝင်ပစ်ခဲ့တာပါ။ အဲဒီဂိတ်က ကျေးရွာ အုပ်ကြီးနဲ့ စကစတွေပေါင်းပြီး ထောက်ခံစာ အကြောင်းပြပြီး ပြည်သူလူထုအပေါ် ဆက်ကြေး ကောက်တယ်၊ မတရားတောင်းတယ်၊ ဗိုလ်ပါ ၃ ဦးကထွက်ပြေးက ထွက်ပြေးလို့ လွတ်သွားတယ်၊ ပြည်သူတွေထိမယ်စိုးလို့ လွှတ်ပေးလိုက်တာ။ ဂိတ်ထဲမှာပဲ တပ်ကြပ်ကြီး ၂ ဦး တပ်သား ၁ ဦးနေ ရာမှာတင်ပဲ သေတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ် ဗိုလ် ၂ ဦး ထွက်ပြေးစဉ် လိုက်လံပစ်ခတ်ခဲ့သော် လည်း ပြည်သူများ ထိမှန်မည်စိုးရိမ်သဖြင့် လွှတ်ပေးလိုက်ရခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသော အကြမ်းဖက် စစ်သားများထံမှ M3 အမျိုးအစား သေနတ် ၁ လက်နှင့်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ကွက်ကဲမှုအောက်ရှိ အမေ့ သွေးပျောက်ကျားတပ်ဖွဲ့(မြင်းခြံ)နှင့် နွေဦးစစ်သည်တော် အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆက်လက်၍ ပြည်သူလူထုအပေါ် အနိုင်ကျင့်နေသော အကြမ်းဖက်စစ်သား၊ ပျူစော ထီးများနှင့် အုပ်ချုပ်ရေးမှူးများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ များက အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *