0
0
Read Time:54 Second
ကဗျာကဏ္ဍ “တော်လှန်မြေက မေ့ချစ်သူ”
ပျိုးကြဲလက်
စစ်မြေမှာ သေနတ်ဆွဲလို့
တာဝန်ကဲ တိုက်ဖော်
ရွာဝင်ဆဲ စစ်မြူသော်
စစ်ကူဖော် မျှော်မှန်း ။
ပျို့မောင်က လှမ်းလာကြိုတယ်
ကမ်းမှာဆို အောင်သပြေပန်း ။
လေးနှမ မြင်ရရင်ကွယ်
ကြင်စရှင် ချစ်စမ်း ။
မောင့်မေတ္တာ လဆန်းမို့
ခစမ်းကွယ့် မေ့မောင် ။
စိန်ခေါ်ရင် တိမ်ဖျားထိ
ထဘီလွှား တိုက်ပွဲဖော်ဆောင် ။
ပျို့မောင်ကျ ငေးရအောင်ကွယ်
သွေးမပြောင် ပုံက
ဗုံးကြဲချ မြေတုန်ရာမှာ
ထခုန်လို့သာ ။
ကြောက်ပါနဲ့ ကိုဟဝါရယ်
မေ့ကိုလာ ချစ်ဦးကွဲ့လေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက် နံနက် အစောပိုင်း ၃ နာရီ ၅၃ မိနစ်
D Day News