Tannintharyi News

0 0
Read Time:3 Minute, 17 Second

တနင်္သာရီမြို့နယ်၊ မြေမအုံကျေးရွာ အနီးတွင် စစ်တပ်စစ်ကြောင်းကို တိုက်ိခုက်မှု စစ်သား ၁ ဦးသေဆုံး၊ စစ် တပ်က လေကြောင်းဖြင့် အကြောင်းမဲ့ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း တစ်ကျောင်း ပျက်စီး

 

D Day News

ဩဂုတ်လ ၁၀

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မြေမအုံကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၁ ထံမှ သိရသည်။

 

ဩဂုတ်လ ၉ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က တနင်္သာရီမြို့နယ်ဘက်မှ အင်အား ၃၀ ခန့်ဖြင့် ခမရ ၅၆၁ တပ်ရင်းသို့ ရိက္ခာပို့ရန်‌ ခြေလျင်ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မြေမအုံကျေးရွာအနီး အရောက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှု အတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

“တနင်္သာရီဘက်ကနေ ခြေလျင်လာတာ၊ အင်အား နှစ်ဆယ်သုံးဆယ်လောက်ရှိမယ်။ လေကြာင်းကနေ ဗုံးကျဲ တာက န့လည် ၁၂ နာရီလောက်က အကြောင်းမဲ့ကျဲချတာပါ။ တိုက်ပွဲဖြစ်တာမရှိဘူး။ တိုက်ပွဲက ညနေ ၅ နာ ရီ ကျော်မှ ဖြစ်တာပါ။ စစ်ကောင်စီက ပြည်သူတို့၊ ကျောင်းသားတို့၊ သံဃာတို့ဆိုတာ သိတာမဟုတ်ဘူး။ အကုန် ရမ်းသမ်းပစ်နေတာ၊ အဲဒါကြောင့် အထူးဂရုစိုက်နေပေးကြပါလို့ မိဘပြည်သူတွေကို ပြောချင်ပါ တယ်။ ကျနော်တို့ဘက်ကလည်း မိဘပြည်သူလူထုကို တတ်နိုင်သလောက် အစွမ်းကုန်ကူညီပေးသွားမှာပါ” ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၁ မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

 

ဩဂုတ်လ ၉ ရက် မွန်းတည့် ၁၂ နာရီခန့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က K-8W Jet Fighter အမျိုးအစား လေယာဉ်ဖြင့် တနင်္သာရီမြို့နယ်၊ ကျောက်မိကျောင်းရွာ၊ ကွင်းသစ်ရွာနှင့် ညောင်ပင်ကွင်း ( အရှေ့ကမ်း)ရွာတို့ကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ခြင်းမရှိခဲ့ သော်လည်း ကျောက်မိကျောင်းကျေးရွာ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

တနင်္သာရီမြို့နယ်တွင် နှစ်ဖက်စစ်ရေးတင်းမာနေချိန်ဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် လုံခြုံရေး အထူး ဂရုစိုက်သွားလာနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *