Nahtogyi News

0 0
Read Time:3 Minute, 18 Second

နွားထိုးကြီးမြို့မရဲစခန်းအပါအဝင် စစ်တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

ဩဂုတ်လ ၁၀

 

မန္တလေးတိုင်း နွားထိုးကြီးပေါ်တွင် မြို့မရဲစခန်းအပါအဝင် စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်မျးထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၉ ရက် ည ၁၀ နာရီခန့်က စတင်ပြီး နွားထိုးကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးအပါအ ဝင် အကြမ်းဖက်စစ်သားများ တပ်စွဲထားရာနေရာများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ ယနေ့ ဩဂုတ်လ ၁၀ ရက် နံနက် ၁၀ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာ ရောက်ဗုံးကျဲခဲ့ကြောင်း၊ ထို့အပြင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်နေကြောင်း သိရသည်။

“နွားထိုးကြီးမှာ မနေ့က ၁၀ နာရီလောက်ကနေ ဒီနေ့ မနက် ၁၀ နာရီလောက်အထိ အနီးကပ်တိုက်ပွဲဖြစ်ခဲ့ တာ၊ ဒီမနက် ၁၀ နာရီလောက်က စစ်ကောင်စီက လေယာဉ်နဲ့ လာပြီး ဗုံးကျဲသွားပါတယ်၊ လက်နက်ကြီး ပစ်သံတွေလည်း ဆက်တိုက်ကြားရပါတယ်။ အခုထိလည်းလေယာဉ်ဝဲနေတုန်း၊ အခုပြောနေချိန် (၁၀ နာရီ ၂၄ မိနစ်)မှာတောင် ဗုံးတစ်လုံးလာကျဲသွားတယ်၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း မြို့ပေါ်မှာပဲ ရှိနေပါ သေးတယ်။ ရပ်ကွက်ထဲ လက်နက်ကြီး ကျတယ်လို့ သိရတယ်၊ အိမ်တစ်အိမ်ရဲ့ဘေးမှာကျတာ။ လေယာဉ် နဲ့ကျဲတာက အခုဆိုရင် ၃ လုံးရှိသွားပြီ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

နွားထိုးကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းအားလုံးနီးပါးကို တော်လှန်ရေးတပ်ဖွဲ့များက ဝင် ရောက်တိုက်ခိုက်နေပြီး နွားထိုးကြီးမြို့ပေါ်အခြေအနေကို သိရှိရခြင်းမရှိသေးကြောင်း၊ မြင်းခြံမြို့နယ်၊ လေး ရွာဆုံပျူရွာစခန်းကိုလည်း လက်နက်ကြီးဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ ဝင်တစ်ဦးက ပြောဆိုသည်။

 

“နွားထိုးမြို့ပေါ်မှာတော့ ကျနော်တို့ မပါဘူး။ နွားထိုးကြီးမှာတော့ အခုချိန်အထိဖြစ်နေတုန်းပဲ၊ မြင်းခြံ၊ လေး ရွာ ဆုံဝင်တိုက်တာတော့ ပြန်ဆုတ်လာပြီ၊ ကျနော်တို့က အဲဒီဘက်ပါသွားတာ။ လေးရွာမှာတပ်စွဲနေတဲ့ ဘုန်းကြီးကျောင်းကို ဝင်ပစ်တာ။ နွားထိုးကြီးမှာရှိတဲ့ အဖွဲ့စုံဝင်တဲ့နေတယ်လို့ ပြောရမှာပေါ့။ နွားထိုးကြီး မြို့ပေါ် အခြေအနေကတော့ မသိရသေးဘူ။ ကျနော်တို့တိုက်ခဲ့တဲ့ လေးရွာဆုံကတော့ သူတို့ဘက်က ဘန်ကာ ကောင်းနေတော့ ရွာထဲဝင်ပြီး လက်နက်ကြီးလောက်ပစ်ပြီး ပြန်ဆုတ်လာခဲ့တာ။ မြင်းခြံကနေ လက်နက်ကြီး နဲ့ထုနေတာရယ်ကြောင့်ပါ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *