Thabaik Kyin News

0 0
Read Time:2 Minute, 23 Second

သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာအခြေပြု စစ်တပ်စခန်း ၅ ခုကို အပြီးသတ်သိမ်းပိုက်ရရှိ၊ စစ်တပ် ကင်းစင်နယ်မြေဖြစ်ရန် စစ်သင်တန်းကျောင်း ၂ ခုနှင့် လက်ရုံးတစ်ခုသာ ကျန်ရှိ

 

D Day News

ဩဂုတ်လ ၁၀

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာအခြေပြု အကြမ်းဖက်စစ်တပ်စခန်း ၅ ခုကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်ကင်းစင်နယ်မြေဖြစ်ရန် စစ်သင်တန်းကျောင်း ၂ ခုနှင့် လက်ရုံး တပ်တစ်ခုသာ ကျန်ရှိတော့ ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် သပိတ်ကျင်းမြို့နယ်၌ စစ်ဆင်ရေးများကို ဖော် ဆောင်လျက်ရှိရာယခုအခါ သပိတ်ကျင်းမြို့နယ်အတွင်း၌ ကွင်း(၃၀)ရွာ တပ်စခန်း ၊ လက်ပံပြန့်ရွာ တပ်စခန်း ၊ ဖိုကုန်း တပ်စခန်း ၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း မန္တလေး PDF တပ်ဖွဲ့က ယမန်နေ့ ဩဂုတ်လ ၉ ရက် ညပိုင်းက ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် သပိတ်ကျင်းမြို့နယ်အတွင်းရှိ သတ်မှတ်ထား သော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။

 

ယမန်နေ့ ဩဂုတ်လ ၉ ရက် ည ၅ နာရီအချိန်တွင် သပိတ်ကျင်းမြို့နယ်၊ မန္တလေး -မိုးကုတ်လမ်းမ ပေါ် ကျောက်လှည်းဘီးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ခလရ ၁၄၈ ကို TNLA နှင့် မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက် ခဲယမ်းများလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း မိုးကုတ်ဗျူဟာက ထုတ်ပြန်ခဲ့သည်။

 

ထို့ကြောင့် သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကင်းစင်နယ်မြေဖြစ်လာရန် အမှတ် ၁ သုတေသနတပ်ရင်း၊ အမှတ် ၂၀ စစ်ဆေးရုံ ကုတင် ၁၀၀ ၊ အမှတ် ၁၃ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (တတက – ၁၃) ၊ အမှတ် ၂ စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ – ၂) တို့သာ ကျန်ရှိတော့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *